12🖤

148 18 4
                                    

(unicode)

"Lily ရေ လာမဲ့ကျောင်းပိတ်ရက် soul ကိုလာလည်မယ်နော်"

ကျောင်းသွားခံနီးဖွင့်ကြည့်လိုက်တဲ့ message က
အရင်ကျောင်းကခင်ခဲ့သူ Kim Bo Young ၏
message ဖြစ်၏။

ဘာတုန့်ပြန်ချက်မှမရှိတဲ့မျက်နှာထားနဲ့ ဝင်ထားတဲ့စာကို
ကြည့်၍ Replyပြန်ခြင်းမျိုးမရှိ ဖုန်းကိုပိတ်၍
လွယ်အိတ်ထဲထည့်လိုက်ကာ

"ကျောင်းသွားပြီနော်"

"အေး အေး ဖြေးဖြေးသွားနော်သမီး"

"ဟုတ်"

တဖြေးဖြေးလျှောက်ခဲ့ရာ ကားမှတ်တိုင်ကို မြင်ရတဲ့
အကွာဝေးလောက်ထိရောက်ခဲ့၏။

မလှမ်းမကမ်းတွင် ဝေဝေဝါးဝါးမြင်နေရတဲ့ ပုံရိပ်တစ်ခုကြောင့် သေချာဂရုတစိုက်ကြည့်နေမိ၏။

သူလာရာလမ်းနှင့် ဆန့်ကျင်ဘက်မျက်နှာမူထားတဲ့
နောက်ကျောလေးသာမြင်ရသော လူသားလေးမှာ
ခပ်နီးနီးလောက်ရောက်မှ chae ဖြစ်နေကြောင်းသိလိုက်ရ၏။

ထိုအချိန်

chaeတစ်ယောက် Lisaလာရာလမ်းဘက်သို့လှည့်ကြည့်
လိုက်၍ သူစောင့်မျှော်နေသော ကောင်မလေးကိုမြင်သွား
တဲ့အခါ အပြုံးကြီးပြုံး၍ လက်ယမ်းပြကာ

"ဝေ့ Lisa မြန်မြန်လာ"

ချစ်စရာကောင်းတဲ့ကောင်မလေးက ကားမှတ်တိုင်ထိလာပြီး
ငြိုငြင်မှုမရှိ အတူသွားဖို့စောင့်မျှော်နေတော့ Lisa မွာ
ကမ်ဘာကြီးကိုအပိုင်သိမ်းနိုင်သကဲ့သို့ ကျေနပ်နေလေ၏။

"စောင့်နေတာကြာပြီလား"

"အရမ်းမကြာသေးပါဘူး မိနစ်30လောက်ပေါ့"

ဟမ်!
"ကျောင်းကားက 8နာရီခြဲမွေလ 8နာရီလောက်တည်းက
လာခဲ့တာလား "

"ဟုတ်တယ် အစောကြီးထွက်လာလိုက်တာ ဒါပင်မဲ့
Lisa အကြောင်းပဲတွေးနေလို့လားမသိ မိနစ်30 ဆိုတာ
ခဏေလးလိုပဲ"

Lisa၏မျက်နှာများနီရဲတက်သွား၏။
chaeသည် ရှတ်သွားတဲ့ Lisa ကိုကြည့်၍ ကြိတ်ပြီးပြုံးနေလေတော့သည်။

"ဟော.....ကျောင်းကားလာပြီ Lisa သွားရအောင်"
.
.
.
.
.
.
.

"ရား.....ငါလားရှုံးအုံးမယ် သူတို့ဘက်က3ယောက် ငါကတစ်ယောက်ထဲ ပါးပါးလေးဗျင်းလိုက်တာ တစ်ချက်ထဲအကုန်မှောက်ရော"

WOLFWhere stories live. Discover now