4🖤

175 22 8
                                    

(unicode)

ယေ့....
ခန့်နားထည်ဝါလှသော အိမ်ကြီးတစ်ခွင်လုံး
chaeရဲ့ အသံမ်ား ဖြာထွက်သွားလေသည်။
ခုန်ပေါက်၍ ဟိုဘက်ပြေး ဒီဘက်ပြေး နဲ့ အတော်လေးကို ပျော်နေလေ၏။
ပါးစပ်လဲ စိမရနိုင်အောင် သွားကြီးများဖြီးနေလေ၏။
Chae ရဲ့ အေဖလဲ ဖတ္လက္စ စာအုပ်လေးကို ခေတ္တရပ်လိုက်ပြီး chaeရဲ့ ပျော်ရွှင်ပီး ခုန်ပေါက်နေတာကို
ရယ်ပြီးကြည့်နေလေသည်။
Chae အမေဖြစ်သူမှာတော့ မီးဖိုးချောင်ထဲ ဟင်းချက်နေရင်း အရမ်းကြီး ခုန်ပေါက်မနေနဲ့လို့ လှမ်းအော်ကာ သတိပေးနေ၏။

အိမ်သန့်ရှင်းရေး နှင့် ဟင်းချက်ဖို့ရာ အိမ်အကူ အဒေါ်ကြီးခေါ်ထားပင်မဲ့ မီးဖိုးချောင်ထဲဝင်ပြီး ကိုယ်တိုင်ချက်ပြုတ်ရတာကြိုက်တဲ့ chae အေမျဖစ္သူ Kim Anna ကေတာ့ အိမ်အကူအဒေါ်ကြီးကို သန့်ရှင်းရေးအပိုင်းသာ လုပ်ခိုင်းပြီး ဟင်းကတော့သူမကိုယ်တိုင် ချက်ပါသည်။
ကိုယ့်သမီးနှင့်ကိုယ့်ခင်ပွန်း အတွက် စားဖို့ရာကတော့ သူမကိုယ်တိုင်ချက်ပြုန်ပြီး ကျွေးမှ ပိုပြီး အရသာ ကောင်းမွန်လှသည်လို့ထင်၏။

"ဟဲ့ သမီး အ့လောက်ထိ ခုန်ပေါက်မနေရဘူးလေ ခုံဇောင်းတွေနဲ့ တိုက်မိခြစ်မိရင် ဘယ္လိုလုပ္မလဲ အလကားနေရင်း အနာရနေအုံးမယ် ငြိမ်ငြိမ်နေတော့"

ဆိုပြီး အသံခပ်မာမာနဲ့ မီးဖိုချောင်ထဲကလှမ်းအော်လိုက်၏။

ထိုအချိန်တွင် chae အေဖက

"ကြည့်စမ်းပါအုံး ပျော်နေလိုက်တာ ဒီလောက်တောင် ပျော်ရသလား ငါ့သမီးရယ် ဒီခရီးလေးသွားမှာကို ပြီးတော့ ပန်းခြံဆိုတာလဲ အမြဲတမ်းရောက်နေတာကို ငါ့သမီးလေးကတော့ တကယ့်အကဲစိန်လေးပဲ"

"ဖေဖေနော် ဘာအကဲစိန်လေးလဲ ပြောချင်ဘူးနော် ပန်းခြံက ဘယ်တုန်းကနေ့တိုင်းရောက်လို့လဲ အဖေအလုပ်တွေနဲ့ကိုရှုပ်နေတာ မေမေကလဲ မအားဘူးရယ် မသွားရတာတောင် တစ်လလောက်ရှိပြီ ခရီးဆိုရင်လဲ တစ်ခါမှ မထြက္ဖူးဘူး အခုမွ ဖေဖေလိုက်ပို့မှ ထြက္ဖူးမွာ ပြောလိုက်ချင်ဘူး ဟွန့်"

chaeသည် ခုန်ပေါက်မနေတာ့ဘဲ ငြိမ်သွား၍ နှခမ်းလေးဆူပုတ်ပုတ်လုပ်ကာ ပြောနေလေ၏။

WOLFWhere stories live. Discover now