11🖤

206 22 6
                                    

(unicode)

ကျောင်းအစောရီးရောက်နေသောchae
ကျောင်းခန်းထဲမှာလွယ်အိတ်ထားပြီး ဆာကူရာပင်ကြီးများ
ရှိတဲ့လမ်းကြာလေးတစ်ခု၏ ထိုင်ခုံတန်းလျားလေးပေါ်တွင်
မှီ၍ထိုင်နေလေသည်။

တစ်ယောက်ယောက်ကိုပင်စောင့်နေသလို
ခဏအကြာ Lisaသည် ထိုနေရာလေးသို့လျှောက်လှမ်းခဲ့၏။

ခပ်ဝေးဝေးမှာရှိတဲ့ ထိုင်ခုံလေးပေါ်မှာမှီ၍ထိုင်နေတဲ့
ကောင်မလေးမှာမူ စာဖွဲ့၍မရအောင်ချောမောလှသည်ဟု
Lisa အတွေးထဲတွင် တစ်ထစ်ချယုံကြည်ထား၏။

ယခုပင်လဲကြည့်ပါလား chaeyoung ဆိုတဲ့ ကောင်မလေးမှာ ဖြောင့်စင်းလှတဲ့ဆံသားတွေကို ဘေးတွင်တစ်စုတစ်စည်းတစ်ဖတ်ထဲတွင်ပုံချထား၏။
ဘေးတိုက်မြင်နေရတဲ့ သူမရဲ့နှာတံလေးမှာလဲ ထင်းနေရောပဲ။ ပါးဖောင်းဖောင်းလေးကလဲဆွဲညစ်ချင်စရာ
နှင်းလိုဖြူဖွေးတဲ့အသားရေလေးမှာလဲ ဆောင်းဥတုမှတောင်
ခြောက်ကပ်မသွား နီရဲနေသော နှုတ်ခမ်းလေးအပါဝင်ပေါ့။

ခပ်ဝေးဝေးကနေ သူမအလှကိုစာဖွဲ့လာသောLisa သူမ အနီးအနားတောင်ရောက်လို့လာပြီ

"အာညော် chae စောင့်ရတာကြာသွားပြီလား"

"အာညော် မကြာသေးပါဘူး ခဏကမွေရာက္တာပါ
Lisa နဲ့အတူကော်ဖီသောက်ချင်လို့ ဒီနေရာကိုချိန်းလိုက်တာ ဟဲဟဲ"

ဘေးမှာချထားတဲ့ အပူခံဘူးလေးထဲထည့်ထားတဲ့ ကော်ဖီဘူးလေးကို ပြလိုက်၏။
တစ်ခါသုံးခွက်လေး နှစ်ခွက်ပါ မေမ့မေလ်ာ့ယူလာ၏။

တကယ်တော့ ကော်ဖီလေးသောက်ပြီး Lisa နဲ့ အတူ
အေးဆေးလေးစကားပြောချင်သောကြောင့်ဖြစ်သည်။

"Lisa ကော်ဖီကြိုက်တယ်မို့လား"

"အာ....ကြိုက်ပါတယ်"

"ဟီး တော်သေးတာပေါ့"

chaeသည် တစ်ခါသုံးခွက်ထဲသို့ ကော်ဖီများခွဲထည့်လိုက်၏။

"ရော့ Lisa "

ကော်ဖီခွက်လေး လှမ်းပေးလိုက်၏။

"ဟုတ် ကျေးဇူးနော်"

ဆာကူရာပင်ကြီး၏ အောက်တွင် ချစ်သူအလားဖွယ်
ကော်ဖီလေးသောက်ကာ စကားစမြည်ပြောနေကြသူ
နှစ်ဦးမှာ အတော့်ကို လိုက်ဖတ်နေလေသည်။

WOLFWhere stories live. Discover now