10🖤

160 23 16
                                    

(unicode)

ဒီနေ့ ကျောင်းပိတ်ရက် စနေနေ့ဖြစ်သောကြောင့်
chae တစ်ယောက် တော်တော်လေးပျင်းနေလေ၏။
ထိုင်ခုံပေါ်တွင် ပျင်းတိပျင်းရိနဲ့ထိုင်ကာ

"ပျင်းလိုက်တာ ဘာလုပ်ရမလဲ ဈေးဝယ်ထွက်ရအောင်လဲ
ဟိုအပတ္က အသုံးများထားတော့ အေမ့ဆီက တောင်းလို့ရမှာမဟုတ်ဘူး"

သက်ပြင်းအရှည်ကြီးချလိုက်၏။
ဟူး......

ရောက်တက်ရာ စဉ်းစားရင်း ထိုင်ခုံပေါ်ကနေ အိမ်ရှေ့တံခါးဝနားက ဆာကူရာပင်ကြီးကိုငေးကြည့်မိ၏။

Chae တို့ရက်ကွက်ဆိုသည်မှာ တစ်ခြားရက်ကွက်တွေလိုမဟုတ်ဘဲ နေ့ခင်းဘက်တောင်တိတ်ဆိတ်နေ၍ တစ်အိမ်နဲ့တစ်အိမ်လဲ
ရောရောနှောနှောမနေကြပါ ကင်းကင်းရှင်းရှင်းနေကြ၏။

တိတ်ဆိတ်ငြိမ်သက်နေသော နေ့လည်ခင်းမှာ
လေပြေအေးအေးလေးနှင့်အတူ ဆာကူရာပန်းများ တစ်ဖွဲဖွဲကြွေကျနေသည်ကို ငေးမောကြည့်နေရင်း
ခေါင်းထဲမှာအတွေးဝင်လာသည်မှာ Lily အကြောင်းပင်ဖြစ်သည်။

်ူမည်သူနဲ့မဆို အကြောင်းမရှိမပြုံးပြတက်သောသူမ
ပြုံးပြရင်တောင် နှုတ်ခမ်းကွေးရုံမျှသာ ပြုံးပြတက်သောသူမ

"ဘယ်လိုကြောင့် ငါနဲ့တွေ့ရင် အမြဲတမ်းပြုံးပြနေတာပါလိမ့်
တစ်ခါလေလဲ လူကိုငေးမောကြည့်နေတက်တယ် အကြည့်တွေကလည်း တစ်မျိုးပဲ မဟုတ်မှ ငါ့ကို......

အို! မဟုတ်တာတွေ စဉ်းစားမိပြန်ပြီ"

chae တစ်ယောက်ချက်ချင်းဆိုသလိုပင် ထိုင်ခုံပေါ်မှ မတ်မတ်ထိုင်လိုက်ကာ ပါးနှစ်ဖက်ကိုလက်ဖဝါးသေးသေး
လေးဖြင့်ဖွဖွလေးရိုက်နေလိုက်၏။

"ဘယ်လိုအတွေးတွေပါလိမ့်အသိစိတ်ကပ်စမ်း
ဒါမဲ့ သူမကလုံးဝချစ်စရာကောင်းတာပဲ လုံးဝငါ့စတိုင်လ်
တကယ်လို့ သူမက ငါ့ချစ်သူဖြစ်လာမယ်ဆို......

ပြောရင်းဆိုရင်း သူမလက်သီးစုတ်သေးသေးလေးနဲ့
ကိုယ့်ခေါင်းကို သုံးချက်လောက်ထုလိုက်၏။

"ပြန်တွေးမိပြန်ပြီ မဖြစ်နိုင်တဲ့အကြောင်းကို"

Chae တစ်ယောက် မပျင်းနိုင်တော့ပဲ ကိုယ့်ဟာနဲ့ကိုရန်ဖြစ်နေလေ၏။

WOLFWhere stories live. Discover now