(unicode)
အာညော် ~ Lisa
3ယောက်ထဲတွင် ပထမဦးဆုံးကျောင်းကိုရောက်တဲ့ Jisoo မှနှုတ်ဆက်လိုက်၏။"ဟုတ်"
တစ်လိုင်းတွင်စားပွဲခုံ4ယောက်စာရှိပင်မဲ့
ခါတိုင်း 3ယောက်ထိုင်တဲ့လိုင်းမှာ Lilyတစ်ယောက်ပိုလာ၍
4ယောက်စာတစ်လိုင်းပြည့်သွား၏။Jisoo သည် Lisa ကိုနူတ်ဆက်ရင်း လွယ်အိတ်ကိုခုံအောက်ထဲထည့်ကာ ဝင်ထိုင်လိုက်၏။
chaeyoung နဲ့ Jennie မရောက်သေး၍
Jisoo နဲ့ Lisa ၏ အလည်တွင် နှစ်ယောက်စာ ကွက်လပ်ကြီးဖြစ်နေ၏။Jisoo သည် စကားပြောဖို့လမ်းကြောင်းရှာနေလေသည်။
နှစ်ယောက်သား အခုမှသိသဖြင့် စကားပြောဖို့ကလဲ နည်းနည်းခက်နေလေ၏။"အလည်မှာထိုင်တဲ့နှစ်ယောက်ကတော့ အရမ်းစကားပေါတယ်သိလား တစ်ယောက်ကကပ်စေးနည်းသလောက် တစ်ယောက်ကအရမ်းဂုန်းဆင်းကောင်းတာ"
Lisa - " ဂုန်းဆင်းကောင်းတဲ့တစ်ယောက်က"
"ဂုန်းဆင်းကောင်းတဲ့တစ်ယောက်လား အဲ့တာ Lisa ဘေးမှာထိုင်တဲ့ chaeyoung ရှဥ့်ပေါက်ပေါ့"
"အာ....."
Lisa မသိမသာ ခပ်ဖွဖွလေးပြုံးလိုက်၏။
ထိုကောင်မလေးက ဂုန်းဆင်းကောင်းတယ်တဲ့လား
ပြီးတော့ ရှဥ့်ပေါက်တဲ့ ဘယ်လောက်တောင်ချစ်ဖို့ကောင်းနေပါလိမ့်
.
.
.
.
."ရား.....Jennie"
"ဘာလဲ"
"မနက်ခင်းစာသင်နောက်ဆုံးချိန်ဆိုတော့ ဆရာလဲဝင်ချင်မှဝင်မှာ"
"အဲ့တော့!"
"ဆရာဝင်ခဲ့ရင် ငါဗိုက်နာလို့ဆေးပေးခန်းထဲသွားတယ်လို့ပြောလိုက်"
Sooတစ်ယောက် chae နဲ့ nie ပြောတာကို မေးထောက်ကာနားထောင်နေရင်း ကြားဖြတ်ဝင်ပြောလိုက်သည်။
"ဘာလဲ ရှဥ့်ပေါက် အတန်းလစ်အုံးမလို့လား"
"ဒီတစ်ချိန်ပါပဲကွာ ခေါင်မိုးထပ်မှာသွားအိပ်မလို့"
"နင် ဟိုနေ့ကအပြစ်ပေးခံရတာ မမှတ်သေးဘူးလား"
chaeတစ်ယောက် တစ်ချက်ပြုံးပြပြီး ကျောင်းခန်းထဲကနေထွက်သွားလေ၏။
YOU ARE READING
WOLF
Short Storyတစ်နေ့နေ့ တစ်ချိန်ချိန် မှာ မင်းလေးရဲ့မျက်နှာလေး မမှတ်မိနိုင်ဘူးဆိုရင်တောင် မင်းလေးရဲ့ကိုယ်သင်းရနံ့လေးကိုတော့ ငါအမြဲထာဝရ မှတ်မိနေမှာပါ chaeရယ်.... တစ်နေ့နေ့ တစ်ချိန်ချိန် မွာ မင်းလေးရဲ့မျက်နှာလေး မမှတ်မိနိုင်ဘူးဆိုရင်တောင် မင်းလေးရဲ့ကိုယ်သင်းရနံ့လေး...