2🖤

232 22 5
                                    

(unicode)

wolf ရွာလေးသာ ဖြစ်တာ အတော်အေးချမ်းလှ၏၊
နေ့လည်တိုင်ဆို ရွာလေးက အလွန်ပျော်စရာကောင်းပြီး ကျေးငှက်များလဲ မြူးထူးပျော်ပါးနေသည်။

စိုက်ခင်းဆင်းတဲ့သူကဆင်း အိမ်မှာကျန်တဲ့လူက ဟင်းချက်တဲ့သူကချက် အိမ်လည်တဲ့သူကလည် ကလေးတွေကလဲ ဆော့ကစားနေကြ၏။
တစ်ချို့တွေကလဲ ဝိုင်းဖွဲ့ပြီး ပုံပြင်လေးတွေ ပြောနေကြတာပေါ့။

Lilyတို့မိသားစုလေးလည်း ထိုနည်းအတူပါပဲ
Lilyရဲ့ဖေကြီးဖြစ်သူက စိုက်ခင်းသွား၍ မေကြီးကတော့ Lilyလေးနဲ့အတူ ကျန်ခဲ့လေသည်။

"မေကြီးရေ... ဖေကြီး စိုက်ခင်းသွားတော့မယ်နော် တစ်ယောက်တည်းဖြစ်တယ်မလား "

"ရတယ် ဖေကြီး ကေလးက တစ်ပတ်လည်းပြည့်ပြီဆိုတော့ စိတ္ခ်လက္ခ်သာ သွားနော် ဟိုဘက်အိမ်က အဘွားမင်လည်း ခဏေန လာလည်မယ်ပြောတယ်"

"အော်... အ့တာဆိုလဲ ဖေကြီးသွားတော့မယ်နော် အိမ်အလုပ်တွေ အရမ်းဇွတ်လုပ်မနေနဲ့ ဖေကြီးပြန်လာမှလုပ်မယ်"

"ဟုတ်ပါပြီ ဖေကြီး ရယ်... စိတ္ခ်လက္ခ်တာ စိတ်ဖြောင့်ဖြောင့်နဲ့ သွားပါရှင်"
ဆိုပြီး ရီကျဲကျဲ လေး နဲ့ပြောလိုက်သည်။

Lily အေဖလဲ ခမောက်ဆောင်းကာ တိတ်ပြီးစိတ်မချတဲ့အကြည့်ဖြင့် ကြည့်လိုက်ကာ စိုက်ခင်းဘက်တော့ ထွက်သွားပါလေသည်။

တစ်အောင့်လောက် ကြာတော့ အဘွားမင် ရောက်လေပေသည်။
အသက်အတော်ကြီးပြီမို့ လမ်းခပ်မြန်မြန်မလျှောက်နိုင်ပေ တုတ်ထောက်ကလေးကို အားပြု၍သာ သွားရသည်။

အဘွားမင်ဆိုသည်မှာ Lily ရဲ့ အဖေနဲ့အမေတို့တွက်တော့
မိဘရင်းဆိုသည်လဲ ဟုတ်၏။
Lily ရဲ့ အဖေနဲ့အမေတို့ မယူခင် ချစ်သူရည်းစားဘဝကတည်းကနေ အဘွားမင်သည် အဘက္ဘက္ကေန ကူညီပံ့ပိုးပေးခဲ့၏။
wolf အချင်းချင်းပဲယူရမယ် လူသားနဲ့ wolf က
အဆင်မပြေနိုင်ဘူးလို့ ပြောကြတဲ့ ရွာကလူတွေရဲ့စကားသံတွေရဲ့ကြား အဘွားမင်တစ်ဦးတည်းသာ အားပေးစကားပြောခဲ့လေသည်

"အဆင်ပြေမှာပါ wolf ဘဲနေနေ လူသားပဲနေနေ အကုန်လုံးက ချစ်တဲ့စိတ်ရှိကြတာပဲ အဓိက က အချစ်စစ်နဲ့ ချစ်ဖို့ဘဲလိုတာပါ အချစ်စစ်နဲ့ ပေါင်းဖက်နေသ၍တော့ နင်တို့တွေ တည်မြဲနေကြအုံးမှာပဲ တကယ်ဆိုရင်လဲ ဒီကောင်လေးက လူသားဘဲလေ စိတ်ဒေါသ အရမ်းကြီးလာမှသာ wolf ပြောင်းသွားတာ ပုံမှန်ချိန်တွေဆို တကယ့်လူသားစစ်ပဲလေ မဟုတ္ဘူးလား "

WOLFWo Geschichten leben. Entdecke jetzt