🥀-1

399 36 31
                                    

''ပတ်ဂျောင်ဝူး!!!...ခေါ်နေတာမကြားဘူးလား ပတ်ဂျောင်ဝူး!''

''ဗျာ...သခင်လေး ''

''ငါကိုသခင်လေးလို့မခေါ်နဲ့လို့ဘယ်နှစ်ခါပြောရမလဲ.''

''ဟုတ်ကဲ့ ငါမေ့သွားလို့ပါ တောင်းပန်ပါတယ် haruto''

''ငါခေါ်နေတာကြာပြီ.မင်းဘယ်ရောက်နေလဲဟမ် ''

''ငါခြံထဲမှာ အပင်တွေပျိုးနေလို့ပါ ''

''အရေမရအဖက်မရတာတွေလုပ်နေတယ်..ဒီကိုလာ ငါ့အကျီကြယ်သီးလာတတ်ပေး ''

'' အွန်း..''

''ရားးပတ်ဂျောင်ဝူးမင်းဘယ်လိုလုပ်လိုက်တာလဲ ''

''ဟမ်..ငါဘာလုပ်မိလို့လဲ ''

''မင်းမျက်လုံးကမမြင်ရဘူးလား..ဒီမှာငါအကျီတွေမှာ ရွှံတွေပေကုန်ပြီ ''

''အာ..sorryပါ Harutoငါခုနကအပင်တွေကိုင်ရင်းပေသွားတာ ''

''ဒါဆိုလဲ လက်ဆေးပြီးမှလာပါလား..ဦးနှောက်ကိုမရှိဘူး ''

''မင်းက ခေါ်နေတော့အမြန်လာလိုက်ရလို့ပါ ''

''အဲ့တော့ငါ့အမှားလား ''

''မဟုတ်ပါဘူး..ငါ..ငါ့မှားတာပါ ''

harutoစိတ်ပျက်လက်ပျက်နဲ့ အကျီကိုအကြမ်းပတမ်းဆွဲချွတ်လိုက်ပြီး အကျီကိုလုံးချေကာ ပတ်ဂျောင်ဝူးမျက်နှာတည့်တည့်ကိုပစ်ပေါက်လိုက်တယ်..

''ဘာတစ်ခုမှကို အသုံးမကျဘူး..သွားတော့ ''

''ဟုတ် ''

ဟူးးးဘယ်တော့များမှ ဒီအိမ်ကထွက်သွားနိုင်မှာလဲ
_____________________
ဒုန်း !!

'' အ့ ''

harutoကဒေါသတကြီးနဲ့ Park jeongwooရဲ့အကျီကော်လံကနေဆောင့်ဆွဲပြီး နံရံကိုပစ်တွန်းလိုက်ချင်းဖြစ်သည်

'' ပတ်ဂျောင်ဝူး မင်းဒါဘာစောက်ချိုးချိုးလိုက်တာလဲဟမ် ''

''ငါ..ငါဘာလုပ်မိလို့လဲ ''

'' မင်းကငါ့ကောင်မလေးကိုလုချင်နေတာလား ''

''မဟုတ်ဘူး မင်းအထင်လွဲတာပါ ငါတို့ကရိုးရိုးသားသားစကားပြောနေကြယုံပါ''

'' မင်းစကားကိုငါကယုံပေးရမှာလား ဒီလောက်ပြုံးဖြီးပြီးစကားပြောနေတာက ရိုးသားတာလား..ဘာလဲမင်းကငါဆီကနေငါ့ကောင်မလေးကိုလုချင်နေတာလား..မင်းကိုမင်းအရမ်းယုံကြည်မှုရှိနေပါလားပတ်ဂျောင်ဝူး.. မင်းလိုအလုပ်သမားက ငါ့လိုလူနဲ့ယှဥ်ပြီးလုချင်နေတာလား ''

အဆိပ်ပင်(Hajeongwoo)Where stories live. Discover now