အခန်း-၉၂ ငါအမြင်မှားတာပဲ ဖြစ်ရမယ်။

Start from the beginning
                                    

ရွာက သေးငယ်သောကြောင့် ဤသတင်းမှာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ အချိန်တိုလေးအတွင်း ရွာသားတစ်ချို့သည် လော့ယွီဘေး၌ ဝန်းရံလာကြတော့၏။

မည်သို့ပင်ဆိုစေကာမူ သူ၏ဘေးနားရှိ သက်တော်စောင့် အားယွဲ့ကို မနှောင့်ယှက်သင့်ကြောင်းအားလုံးသိထားကြပေသည်။

ထို့ကြောင့် သူတို့သည် ပေအနည်းငယ်အကွာတွင် စုဝေးကာ စိတ်လှုပ်ရှားစွာဖြင့် ကျေးဇူးတင်စကားများ အော်ဟစ်နေကြလေ၏။ လော့ယွီနှင့် သူ၏အဖွဲ့အတွက် မြင်းကောင်းလေးကောင် ယူဆောင်လာပေးသည်ကို မြင်လိုက်ရသောအခါ ရွာသူရွာသားများသည် ခရီးရှည်ထွက်တော့မည်ဖြစ်ကြောင်းကို မြန်မြန်ဆန်ဆန် မှန်းဆမိခဲ့ကြပြီး အားလုံးက အနည်းငယ် စိတ်မကောင်းဖြစ်သွားကြသည်။

မြင်းများကို ယူဆောင်လာပေးသူမှာ ယခင်က လော့ယွီ ပညာသင်ကြားပေးဖူးသည့် သမားတော်ငယ်တစ်ဦး ဖြစ်၏။

သူက ဇက်ကြိုးကို လွှဲပြောင်းပေးပြီးနောက် ချီတုံချတုံဖြင့် စကားဆိုလာသည်။

"ဆရာသခင်... အန္တရာယ်ကင်းတဲ့ ခရီးဖြစ်ပါစေ"

သူက တိုးဖွဖွ ဆက်ပြောလာပါ၏။

"ဆရာသခင်က ပြန်လာအုံးမှာပါလား? အခုထိ တပည့်‌ငယ်လေးတွေ မသိသေးတဲ့ ခက်ခဲရှုပ်ထွေးတဲ့ ရောဂါဝေဒနာတွေ ရှိနေတုန်းပဲ"

လော့ယွီသည် ဒေါသကြီးကာ သူ၏
စိတ်နေ သဘောထားသည် ဆန်းကြယ်ပြီး သူ့ခံစားချက်ကို ဘယ်သောအခါမှ မဖုံးကွယ်ထားသော်လည်း တပည့်များနှင့် လူနာများရှေ့တွင်မူ ကြင်နာသောအပြုံးဖြင့် အမြဲဆက်ဆံလေသည်။

"ငါက ငါ့ကိစ္စတွေပြီးတာနဲ့ ထုံးစံအတိုင်း ပြန်လာမှာပါ။ဒီအချိန်မှာ လူတိုင်းကို ဂရုစိုက်ဖို့ မင်းနဲ့ တခြားသမားတော်တွေကို ဒုက္ခပေးရတော့မှပဲ" သူက ဆိုလေ၏။

လော့ယွီ၏ စကားကို ကြားသောအခါ
နတ်သမားတော်ရွာရှိ လူတိုင်း သက်ပြင်း
တစ်ချက်စီ ချလိုက်မိတော့သည်။

ရဲရင့်သောရွာသားတစ်ဦးက ချင်ကျန်းယွဲ့ထံ
ချဉ်းကပ်လာပြီး စက္ကူအိတ်တစ်အိတ် ပေးလာသည်။ သူက လော့ယွီအား ပြုံးပြလိုက်ပြီး ဆို၏။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now