အခန်း-၉၀ အလှည့်အပြောင်းနှင့် ရွေးချယ်မှု။

Start from the beginning
                                    

စုယန်က မျက်မှောင်ကြုတ်လိုက်ပြီး နားမလည်နိုင်စွာ မေးလိုက်သည်။

"မင်းဘာကိုဆိုလိုတာလဲ??"

ကုဖေးတိက စာရွက်အပိုင်းအစများကို ကျစ်ကျစ် ဆုပ်ကိုင်ထားပြီး စိတ်ပိုင်းပြတ်ထားစွာ ဆိုသည်။

"အဲဒီ ယန်ဓာတ်ကျင့်စဉ်က 'ကြက်သွေးနီညှိုးနွမ်းခြင်း' နဲ့ ယှဉ်ပြီး ဖိနှိပ်နိုင်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ကိုယ် ကျောက်စိမ်းအိမ်တော်ကို ပြန်သွားပြီး အဲဒီစာအုပ်ကို ငှားရမယ်။ ကိုယ် အဲဒါကို အောင်မြင်အောင် လေ့ကျင့်ထားလိုက်ရင် မင်းနဲ့အတူနေတဲ့အခါ မင်းအတွက်
ပိုအကျိုးရှိနိုင်လိမ့်မယ်"

"မင်းရူးနေတာလား!" စုယန်ကာ အံ့အားသင့်စွာ ပြောလေ၏။

"သမားတော်ပြောထားတာကို မေ့သွားပြီလား။ မင်းငါနဲ့ နှစ်ကိုယ်တူ ကျင့်ကြံလို့ မရဘူး။ မဟုတ်ရင် ငါ့ရဲ့ အေးစက်တဲ့ အတွင်းအားတွေက မင်းကို ထိခိုက်စေလိမ့်မယ်"

"အကြီးအကဲ ဒီလိုပြောရခြင်းရဲ့ အကြောင်းရင်းက ကိုယ့်ရဲ့ အတွင်းစွမ်းအားက ရေခဲဝိညာဉ်နဲ့ ကြက်သွေးနီညှိုးနွမ်းခြင်းကို ဖိနှိပ်ဖို့ မလုံလောက်သေးလို့ပဲလေ"

ကုဖေးတိက ပြုံးကာ ဆက်ပြောသည်။

"ဒါပေမယ့် ကိုယ်သာ အဲဒီနှစ်ခုကို ဖိနှိပ်နိုင်တဲ့
ယန်ဓာတ်ကျင့်စဉ်ကို လေ့ကျင့်လိုက်မယ်ဆိုရင်
မင်းရဲ့ ခန္ဓာကိုယ်ထဲက အေးစက်လွန်းတဲ့ အတွင်းအားတွေကို အတိုင်းအတာတစ်ခုအထိ ဖိနှိပ်နိုင်မှာ မဟုတ်လား?"

ဤစကားသည် အနည်းငယ် အဓိပ္ပာယ်ရှိပုံ
ပေါက်သော်လည်း စုယန်သည် တစ်နေရာ၌
ချို့ယွင်းချက်တစ်ခု ရှိနေပုံရသည်ဟု ခံစားမိသည်။ သူသည် မည်သည်က မှားနေကြောင်း မပြောနိုင်သော်လည်း သူ၏ခံယူချက်အတိုင်း ငြင်းဆိုလိုက်ပါ၏။

"မဟုတ်ဘူး၊ ဒီယူဆချက်က လွဲမှားနေတယ်လို့ ငါယုံကြည်နေတုန်းပဲ"

သူက ဆက်ပြောလိုက်သည်။

"ဒါ့အပြင် ဆောင်းရာသီမှာ အအေးဒဏ်ကို ခံနိုင်ဖို့ အတွက် ငါက ဆေးသောက်ဖို့နဲ့ ရေပူစမ်းထဲဆင်းဖို့ လိုသေးတယ်လေ။ မင်းက ကျောက်စိမ်းအိမ်တော်ကို သွားမယ်ဆိုတော့ ငါတို့ခွဲခွာရမယ်ဆိုတဲ့ သဘောပဲမဟုတ်လား?"

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now