အခန်း-၉၀ အလှည့်အပြောင်းနှင့် ရွေးချယ်မှု။

ابدأ من البداية
                                    

"ဘာမှားလို့လဲ?" စုယန်သည် ကုဖေးတိ၏ ထူးဆန်းသော အကြည့်ကို သတိထားမိပြီး
မေးလိုက်သည်။

"မင်းမှတ်မိသေးလား..." ကုဖေးတိက လက်ကျပ်ကို ယူလာကာ အတွင်းထဲမှ ဝှက်ထားသော စာရွက်အနည်းငယ်ကို ဆွဲထုတ်လိုက်လေ၏။

စုယန်သည် ၎င်းကို မှတ်မိသော်လည်း စကားမဆိုနိုင်ခဲ့ပေ။

သူသည် ဤလောကသို့ ကူးပြောင်းလာခါစတွင်
ဤနေရာရှိ လူများကို အမှန်တကယ်ဟု လက်မခံနိုင်သေးသောကြောင့် ၎င်းတို့ကို ဇာတ်လမ်းဇာတ်ကြောင်းရှိ ဇာတ်ကောင်များအဖြစ်သာ မှတ်ယူထားခဲ့သည်။ ထို့ကြောင့် သူသည် မိုက်မဲသော အရာများစွာကို ပြုလုပ်ခဲ့၏။ ဤစာရွက်အပိုင်းအစများသည်လည်း သူ၏ ရှက်စရာသမိုင်းမှ တစ်ခုအပါအဝင်ဖြစ်သည်။
.....အကျိုးဆက်အနေနဲ့ ကုဖေးတိက
၎င်းတို့ကို တန်ဖိုးထားခဲ့ပြီး အမှတ်တရအဖြစ်တောင် သိမ်းထားခဲ့ပါသေးသည်။

စုယန်က မျက်လုံးကို လှန်လိုက်ပြီး ဆို၏။

"ဘာလို့ အဲဒါတွေကို ပြန်အစဖော်နေတာလဲ?"

ကုဖေးတိက အကြောင်းမပြန်ပေ။

စာရွက်အနည်းငယ်မှ စာရွက်တစ်ရွက်ကို
ကြည့်ရန် သူ့လက်ချောင်းများကို ဂရုတစိုက်
ရွှေ့လိုက်သည်။ သူမြင်လိုက်သည်နှင့် သူ့မျက်လုံးများ ချက်ချင်းတောက်ပလာလေ၏။

"ဇာမဏီ၏ကပ်ဆိုးမီးတောက်..." သူက ရေရွတ်လိုက်ရင်း သူကိုင်ဆောင်ထားသည့် စာရွက်အပိုင်းအစများ အားလုံးကို ဖြန့်ချလိုက်သည်။ ချက်ချင်းဆိုသလို စာရွက်များပေါ်ရှိ အဓိကသော့ချက်ကို ဖမ်းမိလိုက်လေ၏။

"အနန္တအသိပညာစံအိမ်"

"အပေါ်ဆုံးအထပ်"

"အရှေ့တောင်ထောင့်"

"ဇာမဏီ၏ကပ်ဆိုးမီးတောက်"

ကုဖေးတိက တောက်ပနေသော မျက်လုံးများဖြင့်
စုယန်အား စိတ်လှုပ်ရှားစွာ စိုက်ကြည့်လိုက်သည်။

"ကျောက်စိမ်းအိမ်တော်မှာရှိတဲ့ အနန္တအသိပညာစံအိမ်ရဲ့ အပေါ်ဆုံးထပ်မှာ ပြင်းထန်တဲ့ ယန်‌ဓာတ် ကျင့်စဉ်တွေရှိတယ်။ အထူးသဖြင့် အရှေ့တောင်ထောင့်က စာအုပ်စင်တွေပေါ်မှာပဲ... အစတုန်းကတော့ ပြန်လည်ထူထောင်ရေးကျမ်းစာရဲ့ နောက်ဆုံးအတွဲက ချို့ယွင်းချက်တွေရှိနေတာကြောင့် အဲဒီမှာ ကျပန်းဝှက်ထားတာလို့ပဲ ထင်ခဲ့တာ။ အခု ကိုယ်သေချာစဉ်းစားကြည့်တော့ ဒီ'ဇာမဏီ၏ကပ်ဆိုးမီးတောက်' ဆိုတဲ့' စာအုပ်ထဲမှာ ထူးခြားတဲ့ အရာတစ်ခု ရှိနေတယ်ဆိုတာ ရှစ်ဇွင်းက စောစောစီးစီး ခန့်မှန်းထားခဲ့တာ
ဖြစ်ကောင်းဖြစ်နိုင်တယ်"

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)حيث تعيش القصص. اكتشف الآن