"အင်းကူညီရမယ် သူ့ကိုဒီနားအနီးက
ငါ့တိုက်ခန်းတစ်ခုမှာနေခိုင်းလိုက်'

"ဟိုလေ ကျွန်မတစ်ကယ်ရပါတယ်
တစ်ယောက်တည်း လမ်းပေါ်ပဲပြန်...'

"မင်းအဲ့ကျထပ်ပြန်ပေးဆွဲခံရရင်ဘလိုလုပ်မလဲ
မင်းကခုနကောင်တွေနဲ့လိုက်သွားချင်တာလား'

"မဟုတ်ဘူး ဆာရာလိုက်မသွားချင်ပါဘူး'

"အင်းဒါဆို ကိုပြောတာနားထောင်ပေါ့'

ဆာရာတစ်ယောက် ဂျိုးခေါ်ရာနောက်
လိုက်သွားရသည်။

"ဒီမှာ တိုက်ခန်းသော့'

ဂျိုး ဆာရာ့ကိုတိုက်ခန်းသော့ပေးခဲ့လိုက်ပြီး
ပြန်မလို့လုပ်နေစဉ်။

"ဟို..ဒီက အကို'

"အင်းပြော'

"ခုန အကိုထယ်ယောင်းကလေ
လူလွတ်လား'

"မင်းကဘာလို့မေးတာလဲ'

"ဘာမှမဟုတ်ပါဘူး ဟီးဟီး
အဲ့အကိုထယ်ယောင်းကမိုက်လို့'

"အင်းမင်းသူနဲ့ခပ်ဝေးဝေးနေတာကောင်းမယ်
သူကအခွင့်အရေးပေးတယ်ဆိုပြီး
အရမ်းကပ်မနေနဲ့'

ဆာရာပြောတာနားမထောင်ပဲ
ဂျိုးတစ်ယောက်တိုက်ခန်းကထွက်ပြီး
သူ့အိမ်သို့တန်းပြန်သွားတော့သည်။

ခက်ထန်စွာအပြောခံလိုက်ရတဲ့
ဆာရာတစ်ယောက် နည်းနည်းတော့
စိတ်ထဲမခံသာဖြစ်ပေမယ့်သူ့အတွေးထဲ
ထယ်ယောင်းရောက်လာတဲ့အခါ ရင်တွေ
ပြန်ခုန်လာရသည် စစတွေ့ချင်း
ဆာရာရင်တွေအခုန်မြန်နေလို့ ထယ်ယောင်း
ကြားသွားမှာကိုတောင်စိုးရသည်။

"ငါက ကျေးဇူးရှင်ကိုပစ်မှားနေတာပဲ'

ဆာရာတစ်ယောက် မအိပ်ဖူးတဲ့
ကုတင်အိအိကြီးပေါ်မှာအိပ်နေပြီး
ဟိုဘက်လှည့်ဒီဘက်လှည့်ဖြင့်
ထယ်ယောင်းအကြောင်းတဝဲဝဲလည်တွေးမိနေသည်။

"မဖြစ်ဘူး အကိုထယ်ယောင်းက
ငါ့ထက်အများကြီးပိုပြည့်စုံနေတာ'

မွေးကတည်းကမိဘနှစ်ပါးကို
မမြင်ဖူးပဲလမ်းပေါ်မှာသာကြီးပြင်းလာရတဲ့
ဆာရာ့အဖို့အကိုထယ်ယောင်းကတစ်ကယ်
နွေးထွေးသည်။အချစ်ဆိုတာကိုသူကြားရုံသာ
ကြားဖူးပြီးမချစ်ဖူးပေ။

𝖪𝗂𝗅𝗅 𝖡𝗂𝗅𝗅Where stories live. Discover now