"ကို့ခေါင်းလုံးလုံးလေး'

ဂျောင်ကုက သူ့ခေါင်းလုံးလုံးလေးကို
သိပ်သဘောကျတာဒါကြောင့်အမြဲလိုလို
ကို့ခေါင်းလုံးလုံးလေးလို့ခေါ်တတ်သည်။

အခုလည်းသူ့ဆံပင်လေးတွေကိုဖွပြီး
ခေါင်းကိုတစ်ချက်တစ်ချက်လာလာနမ်းသည်။

"အဆင်ပြေလား ဒီတစ်ခေါက်ကိစ္စကော'

"ပြေတယ် ချစ်သူ'

ဂျောင်ကုက ဂျွန်အိမ်တော်ရဲ့သခင်လေးပင်
မိဘတွေလည်းမရှိတော့ပေမယ့် မိဘတွေထားခဲ့
သည့်အမွေတွေနှင့် ထိပ်တန်းကျောင်းတွေ
ဆောက်ပြီး ပို၍ချမ်းသာ‌နေသူပင် ပရဟိတ
တွေလည်းလုပ်ပြီး မိဘမဲ့ကျောင်းတွေကို
ခနခနသွားပြီး လှူဖြစ်တဲ့ဂျောင်ကုကို
လူကောင်းလို့ထင်တဲ့ထဲ ရဲတစ်ချို့ကတော့
မပါပေ။

ဂျွန်ဂျောင်ကုကအပြင်ပိုင်းကောင်းပေနေမယ့်
သူ့ရည်းစားကင်မ်ထယ်ယောင်းအတွက်တော့
အနောက်ကနေငွေနဲ့ရဲတွေကိုပါးစပ်ပိတ်ပေးနေတာပင်။ ဒါကြောင့်လည်းထယ်ယောင်းမူးယစ်
ဆေးမှောင်ခိုရင် ရဲတွေဖမ်းလို့မရတာပေ။

"ဒီနေ့ကောစိတ်အဆင်ပြေရဲ့လား ချစ်သူ'

"ပြေပါတယ် မသိရင်ကိုကအမြဲရူးနေတဲ့လူလိုပဲ'

ထယ်ယောင်းဂျောင်ကုကိုပြုံးပြီးသာကြည့်ပြီး
ဘာမှမပြောတော့ပင် ဂျောင်ကုကစိတ်မတည်
ငြိမ်တဲ့လူပင် စိတ်ဝေဒနာတွေရှိတာကြောင့်ကော
သူစိတ်ထဖောက်ရင် အရမ်းကိုကြောက်ဖို့ကောင်းသည်။အထူးသဖြင့်ထယ်ယောင်းနဲ့ပတ်သက်ရင်
ပို၍ကြောက်ဖို့ကောင်းသည် ဒါကိုကထယ်ယောင်းမသိပေ ဘာလို့ဆိုထယ်ယောင်းရှေ့ဆို
ဂျောင်ကုကတည်ငြိမ်တဲ့လူကြီးလူကောင်းလုပ်ပြီး မိဘတွေဆုံးပါးသွားတဲ့စိတ်ဝေဒနာကြောင့်
စိတ်ဖောက်တတ်တာလို့ပြောထားပေမယ့်
တစ်ကယ်က တော်တော်များများဖောက်တာက
ကင်မ်ထယ်ယောင်းကြောင့်ပင်။

"‌ချစ်သူ နောက်ထပ်ကျောင်းအသစ်
ဆောက်မလို့ဆို'

"ဟုတ်တယ် ထယ်
ကိုထပ်ဆောက်မလို့'

"အဲ့လိုကိုး ဘယ်မှာဆောက်မှာလဲ'

"ဘန်ကောက်မှာ'

𝖪𝗂𝗅𝗅 𝖡𝗂𝗅𝗅Onde histórias criam vida. Descubra agora