အခန်း (၃၁) ဒုတိယပိုင်း

2.3K 338 8
                                    

"ကျင့်ကြံသူတယောက်တောင်မှ အသက်ကြီးလာတာကို လက်မခံချင်လို့ မရဘူး။ အရင် ငါငယ်ရွယ်စဥ်က ဘာပြဿနာမှ မရှိဘဲ သုံးရက်သုံးည တရားထိုင်နိုင်ခဲ့တယ်။"

"သုံးရက်နဲ့ သုံးညလား။"

ကျွန်တော် မေးလိုက်တယ်။

"ဒါပေမယ့် ‌ရှောင်နင်ပြောတာကျ ရုရှမှာတုန်းက ခုနှစ်ရက် ခုနှစ်ညဆို။"

"သူ အိပ်နေတုန်း ငါ ထပြီး လမ်းလျှောက်တယ်လို့ မင်းမထင်ဘူးလား။

ဂိုဏ်းခေါင်းဆောင်နင်က ကျွန်တော့်ကို စိုက်ကြည့်ပြီး ပြောတယ်။

ဘယ်လိုသက်ရှိလူသားက ခုနှစ်ရက် ခုနှစ်ည အိမ်သာမသွားဘဲ နေနိုင်မှာလဲ။

သူ့ရဲ့ မြင့်မားတဲ့ အပြုအမူကို ကျွန်တော့်ရှေ့မှာ ထိန်းသိမ်းမထားတော့ဘူး။ ကျွန်တော် သူ့ကို အိမ်သာထဲလည်း သယ်သွားပြီးပြီလေ။ မျက်နှာတည်ထားတော့ရော ဘာအကျိုးထူးမှာလဲ။

"ခေါင်းဆောင်နင်ရဲ့ ဂိုဏ်းက ငွေလည်း မပြတ်ဘူးဆိုပြီး ရထားခုံအမာကို စွဲလမ်းကြတာက ဘယ်လိုမျိုးလဲ။"

"အာလား။ အဲ့ဒါက လူတွေရဲ့ နှလုံးသားက ဒီဘက်နှစ်တွေထဲမှာ  မတည်ငြိမ်ကြတော့ဘူး။ ငါတို့ ဂိုဏ်းသားတွေလည်း ဂုဏ်မောက်ပြီး အသုံးအဖြုန်းကြီးလာကြတယ်။ ဂိုဏ်းခေါင်းဆောင်တယောက်အနေနဲ့ ငါက ဥပမာပြုပြီး အလုပ်ကြိုးစားတဲ့ အစဥ်အလာကို မြဲမြံအောင်  တည်ဆောက်ရမယ်၊ ချို့တဲ့မှုနဲ့ အတူ အထီးကျန်မှုကို သည်းခံခြင်းကမှသာ လူ့ဆန္ဒတွေကို ချိုးနှိမ်နိုင်ပြီး ကျင့်ကြံမှုအောင်မြင်နိုင်မယ်။ လူတွေမှာ သူတို့ရဲ့ ခံစားချက်နဲ့ ဆန္ဒတွေ ရှိတယ်။ ပြီးတော့ လွန်ကဲတဲ့ ဆန္ဒတွေကို မကောင်းဆိုးဝါးတွေက စားသုံးကြတယ်။ သရဲတစ္ဆေတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရတာက အန္တရာယ်များတယ်။ ငါ့ရဲ့ ဂိုဏ်းသားတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ သေမှာကို မမြင်ချင်ဘူး။ ဆံဖြူက ဆံနက်ကို မမြှုပ်ချင်ဘူး။"

ဒီစကားက ကျွန်တော်နဲ့ ရင်းနှီးနေတယ်၊ ကြည့်ရတာ မောင်ရှန်းဂိုဏ်းရဲ့ စံတန်ဖိုးတွေက ပြည်နယ်ကို မြှင့်တင့်ရေးလုပ်တုန်းက တန်ဖိုးတွေနဲ့ အတူတူပဲ ထင်တယ်။ ခုထိ ထိန်းသိမ်းထားကြတယ်။

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now