အခန်း ( ၁၅.၂ )

2.6K 647 36
                                    

ဒီတပိုင်းက နည်းနည်းရှည်သွားတယ်။ ဖြတ်တာ မညီလို့ xD

"အရသာရှိလိုက်တဲ့ လူသားစွမ်းအင်၊ သိပ်သည်းလိုက်တဲ့ ယန်။ ငါ့အတွက် တနှစ်စာလောက်တယ်။ ဟီးဟီးဟီး။"

သူ့ဆီကနေ နားကလောစရာရယ်သံ ထွက်လာပြီး သူ့ပြုံးနေတဲ့ပါးစပ်ထဲကနေ လောက်တွေ ကြမ်းပြင်ပေါ်ကို ပြုတ်ကျလာကြတယ်။
ဒီကျောင်းသားက ကျွန်တော့်ကို ခြောက်ဖို့ အတော်လေးအခက်အခဲကြုံထားတာပဲ။ ပိုးကောင်တွေက အတုလား အစစ်လားတော့ ကျွန်တော် မသိဘူး။

ဟာသပဲ။ ငါက အင်းဆက်‌‌ေလာက် ကြောက်မယ့် လူမို့လို့လား။ ကျွန်တော့်တို့ အဆောင်မှာ နှံကောင်တွေ ရှိတုန်းကဆို ရှားကျင်းက အော်ငိုတာ။ သူ့အောက်ထပ် အိပ်စင်ကနေ ကျွန်တော့်ဆီကို တက်လာတာ။ ကျွန်တော့်ကို ကုပ်ဖက်တက်ပြီး သူ နှံကောင်ရှိလို့ မအိပ်ရဲဘူးတဲ့။ ကျွန်တော် အဲ့နှံကောင်ကို လက်ဗလာနဲ့ ဖမ်းပြီး ပြတင်းပေါက်အပြင်ကို လွှင့်ပစ်လိုက်ရတယ်။ ခုလည်း ဒီပိုးကောင်လေးတွေကို ကျွန်တော်က ကြောက်စရာလား။

လောက်တွေက ကြမ်းပြင်ပေါ်မှာ တွန့်လိမ်ပြီး ကျွန်တော့်ဆီကို တွားသွားလာနေကြတယ်။ ကျွန်တော်လည်း ဆရာလျိုပေးထားတဲ့ မှတ်စုစာအုပ်ကို အေးအေးဆေးဆေး ဆွဲထုတ်ပြီး လောက်တွေကို ဖိချလိုက်တယ်။ အဲ့အချိန်ပဲ ကျွန်တော့်အမူအရာမပြောင်းဘဲ ကျောင်းသားရဲ့ပုခုံးကို အသာပုတ်လိုက်တယ်။

"ကောင်လေး မင်းငါ့ကို ခြောက်ချင်တာ နည်းနည်းတော့ များသွားပြီ။ နာမည် ဘယ်လိုခေါ်လဲ။"

" ခင်ဗျား ခင်ဗျား ကျွန်တော် တပင်တပမ်း မွေးထားတဲ့ သွေးလောက်တွေကို သတ်ပစ်တယ်‌ေပါ့။" ကျောင်းသားက စိတ်ဆိုးမာန်စိုး ပြောတယ်။
"ဒီလောက်တွေ ကြီးလာအောင် ဖော်မလင်ထဲစိမ်ဖို့ ဘယ်လောက်ခေါင်းခြောက်ခဲ့ရလဲ အားထုတ်ခဲ့ရလဲ ခင်ဗျားသိလား။"

"ငါသိတာကတော့ မင်းမှာ တကိုယ်ရေကျန်းမာရေးအသိအမြင်မရှိဘူးဆိုတာဘဲ။"

ကျွန်တော် သူ့နားမကပ်တော့ဘူး။

" မင်းခုံကိုပြန်သွားတော့။ ကျောင်းသားအားလုံး စောင့်နေကြပြီ။"

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now