အခန်း ( ၄.၁ )

3.8K 807 32
                                    

အခု ကျွန်တော့်မှာ ပိုက်ဆံလည်းရှိပြီ။ သုံးဘီးငှားဖို့လည်း မစဥ်းစားတော့ဘူး။ ကျွန်တော် ကျောင်းကို ပြန်သွားတယ်။ ကျွန်တော့် အိတ်တွေနဲ့ သေတ္တာတွေကို ထုပ်ပိုးပြီး  ကျွန်တော့်ကို ကူပြောင်းပေးဖို့ အပြောင်းအရွေ့ကုမ္ပဏီကို ငှားလိုက်တယ်။

ကျွန်တော့် ပစ္စည်းတွေကို  အိမ်ရာကို ‌ရွှေ့ပြီးသွားတော့ အခြေခံလူသုံးကုန်ပစ္စည်းတွေ ဝယ်ဖို့ စူပါမားကက်ကို သွားလိုက်တယ်။ ကျွန်တော် အိပ်ရာခင်းပြောင်းတယ်။အခန်းကို သန့်ရှင်းရေးလုပ်ပြီး လိုက်ကာကို ပိုပါးတာတွေနဲ့ လဲတပ်တယ်။

တခြားလုပ်ဖော်ကိုင်ဖက်နှစ်ယောက်ရဲ့ အခန်းကို‌တော့ ကျွန်တော် မထိရဲဘူး။ ဘုံနေရာတဝိုက်ကိုပဲ သန့်ရှင်းရေးလုပ်တယ်။

အခန်းက အရမ်းကို ဖုန်တက်နေတာ။ အရင်က ဒီနေရာမှာ တခြားသူတွေ ဘယ်လိုနေခဲ့လဲ စဥ်းစားမရဘူး။ ဒီလို ညစ်ညစ်ပတ်ပတ်တိုက်ခန်းထဲမှာ ဘယ်လိုများသည်းခံနေလဲ မသိဘူး။

တိုက်ခန်း က ဘာပဲဖြစ်ဖြစ် ပစ္စည်းအသုံးအဆောင်ကတော့ အစုံအလင်ရှိတယ်။ အဝတ်လျှော်စက်၊ ရေခဲသေတ္တာ၊ ပြီးတော့ နေပူစက်ပါ ရှိတယ်။ ဒါပေမယ့် အိုးခွက်တွေကတော့ သံ‌ေချးတက်နေတယ်။ ကျွန်တော် သုံးလို့မရလောက်ဘူး။ နောင်ကျ ပိုက်ဆံစုမိအောင် ကျွန်တော့်ဘာသာ ချက်ပြုတ်စားမယ် ကြံထားလို့ မီးဖိုသုံးပစ္စည်းအသစ်တွေ ဝယ်လာခဲ့တယ်။

အဟောင်းတွေကိုလည်း မလွှင့်ပစ်ဘူး။ ကျွန်တော့်ရှိသမျှအားကုန်သုံးပြီး ချွတ်တိုက်သန့်စင်ပစ်လိုက်တယ်။

မီးဖိုဆောင်က ဘုံပိုက်ခေါင်းကလည်း မသုံးတာကြာပြီဖြစ်မယ်။ ကျွန်တော် ရေပိုက်ခေါင်းကို ဖွင့်လိုက်တော့ ရေတွေက သွေးလိုပဲ နီရဲလို့ သံခေျးအပြည့်နဲ့။ ခဏလောက် ‌ရေဖွင့်ချလိုက်တော့မှ နောက်ဆုံးတော့ ကြည်လင်သွားတယ်။ ရေချိုးခန်းထဲက ရေပိုက်လည်း အတူတူပဲ။

ဒီလို ညစ်ပတ်နေတဲ့ တိုက်ခန်းကို သန့်ရှင်းရေးလုပ်ရတာ အလုပ်ကြီးတခုပဲ။ ကျွန်တော် လုပ်ကိုင်လို့ပြီးသွားတော့  ညနေ ခြောက်နာရီတောင် ဖြစ်နေပြီ။ ချက်ဖို့ အချိန်မရှိမှာစိုးလို့ ဆိုင်ကနေ ပါဆယ်မှာထားခဲ့တာ။ စားပြီး အမှိုက်ထဲ လွှင့်ပစ်လိုက်တယ်။ ပြီးတော့ ရေချိုးဖို့ သွားတယ်။

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now