အခန်း ( ၂.၂ )

4K 856 36
                                    

သူရဲ့ ပျော်နေတဲ့ မျက်နှာအမူအရာကို ကြည့်ပြီး ကျွန်တော် တခဏလောက် ပြောစရာစကား ပျောက်သွားတယ်။ ကျွန်တော်က စိတ်ပညာကျောင်းသားတယောက်လည်း မဟုတ်ဘူး။ ဒီလိုကိစ္စတွေမှာအတွေ့အကြုံလည်း မရှိဘူး။ ဒီလိုအစွန်းရောက်တဲ့ အတွေးအခေါ်တွေကနေ သူ့ကို ဘယ်လိုပြန်ဆွဲခေါ်ရမလဲလည်း ကျွန်တော် မသိဘူး။

"ခြေထောက်ရှည်တ‌ချောင်း၊ ခြေထောက်ရှည်နှစ်ချောင်း၊ ခြေထောက်ရှည်သုံး‌ချောင်း၊လေး‌ချောင်း....အများကြီး၊ အရှည်ကြီး။ ငါနဲ့ အရပ်တူတူဖြစ်သွားအောင် သေချာလေးတိုင်းပြီး  ဖြတ်လိုက်တယ်။"

Mr.Saw ရဲ့ မျက်နှာက အမှတ်တရကောင်းတွေထဲ နစ်မြှုပ်‌ေနသလိုမျိုး ရွှန်းစိုနေတယ်။

ဒါမှားနေတယ်လေ။ ကျွန်တော် သူ့လက်ကို လွှတ်ချလိုက်ပြီး  ရဲခေါ်ဖို့ ကျွန်တော့်လက်ကို အိတ်ထဲ ခိုးကြောင်ခိုးဝှက်ထည့်လိုက်တယ်။

"ငါ သူတို့ခြေထောက်တွေအကုန်လုံးကိုဖြတ်တုန်းကဆို သူတို့အော်သံတွေက သဘာ၀ရဲ့ အသံတွေလိုပဲ ကြားရတာ အရမ်းကောင်း။ အဲ့ဒီအသံတွေအလယ်မှာ ငါ တိုက်ပေါ်ကနေ ခုန်ချလိုက်‌တယ်‌လေ။ အဲ့နေ့က ငါ့ဘ၀ရဲ့ အပျော်ဆုံးနေ့လေးပဲ။"

Mr.Saw က ထရပ်ပြီး သူ့နဖူးကို ထိုးပြတယ်။

"တိုက်ပေါ်ကနေခုန်ချလို့ ခု ငါ့နဖူးမှာ ဒဏ်ရာဖြစ်နေတာ။ ငါ့ဦးထုပ်ချွတ်ပြလိုက်ရင် မင်းအဆင်ပြေမှာမဟုတ်ဘူး။"

"ဦးလေး စိတ်ရောဂါအထူးကုဆရာ၀န်နဲ့ပြဖို့ စဉ်းစားဖူးလား။"

ကျွန်တော့်ဖုန်းကို ရှာတွေ့သွားတယ်။ မြန်မြန်ဆန်ဆန်ပဲ လော့ဖြည်လိုက်ပြီး 110 ကို မကြည့်ဘဲ နှိပ်လိုက်တယ်။ ဒီအခြေအနေမှာဆို စမတ်ဖုန်းတွေ ကီးပတ်တွေလောက် အဆင်မပြေဘူး။ ကျွန်တော် နံပါတ်တွေကို လုံး၀ရှာမရဘူး။

Mr.Saw က ဆက်ပြောတယ်။

"မင်းက သိသိသာသာတော့ အရပ်မမြင့်ဘူး။ ဒါပေမယ့် မင်းခြေထောက်တွေက ရှည်တယ်။ ငါ မင်း‌ခြေထောက်တွေကို ကြိုက်တယ်ကွာ။ ငါ့ကို ပေးဖြတ်ပါလား။

မဖြတ်ပါဘူး။ ကျွန်တော်‌ နောက်ကို အသာလေးကြည့်ရင်း ငြင်းလိုက်တယ်။

They All Say I've Met a Ghost ( MM Translation)Waar verhalen tot leven komen. Ontdek het nu