အခန်း ( ၁၁ )

2.9K 667 13
                                    

ဘတ်စ်ပေါ် တက်ပြီးသွားတော့ ရှားကျင်း တခုံတည်းရှိတဲ့ အစိမ်းရောင်ခုံပေါ်ကစာကို ကြည့်ပြီး ရယ်တယ်။ ပြီးတော့ အစိမ်းရောင်ခုံနောက်က အနီရောင်ခုံပေါ်ကို ထိုင်ချလိုက်တယ်။ သူ ဒီနေ့ တကယ်ပင်ပန်းနေတာဖြစ်မယ်။ မဟုတ်ရင် သူ ကျွန်တော့်ဗိုက်ကိုပုတ်ပြီး ဘယ်နှလရှိပြီလဲ မေးမှာ။ ဒီနေ့ သူ ကျွန်တော့်ကို လွယ်လွယ်လွှတ်ပေးထားတယ်။

ရှားကျင်းထိုင်လိုက်တာနဲ့ ကားဆရာက သူ့ကို ချက်ချင်းပဲ နောက်လှည့်ကြည့်တယ်။
ကျွန်တော် အမြန်ပြောလိုက်တယ်။

"အစ်ကိုကြီး သူက ကျွန်တော့် အတန်းဖော်ပါ။ သူက ဒီလမ်းပေါ်ပဲနေတာ။ အိမ်ရာမရောက်ခင် မှတ်တိုင်မှာ ဆင်းမှာပါ။"

ကားဆရာက ခါတိုင်းလို အသံတိတ်နေတယ်။ သူ ကျွန်‌‌ေတာ်တို့ကို နောက်‌ကျောပြန်ပေးပြီး လေးနက်တဲ့ အသံနဲ့ ပြောတယ်။

"ကောင်းပြီလေ။ အဲ့ဒါက သူ့ကို သတ်မှာ မဟုတ်ပါဘူး။"

ကျွန်တော် သူပြောတာကို နားမလည်ဘူး။ ဒါပေမယ့် ကျွန်တော်မြင်တာက သူ စိတ်လည်းမဆိုးဘူး ရှားကျင်းကို ခေါ်လာတာကိုလည်း စိတ်မခုဘူး။ အဲ့ဒါကြောင့် ကျွန်တော် ရှားကျင်းရှေ့ထိုင်ချလိုက်ပြီး ကျွန်တော့်ဖုန်းကို ကြည့်လိုက်တယ်။

လီယွမ်ယွမ်က ကျွန်တော်တို့နဲ့ မထိုင်ဘူး။ သူကကျောင်းကားထောင့်နားက နောက်ဆုံးတန်းကို သူ့ဘာသာ ပြေးသွားတယ်။ သူက အရိပ်‌ေတွကြားထဲ ကွယ်နေလို့ သူ့ပုံပန်းသဏ္ဌာန်ကို ခွဲခြားဖို့ ခက်တယ်။

ကျွန်တော်တို့ ကားပေါ်တက်ပြီးသွားတာကို သိပြီးသွားတော့ ကျောင်းအုပ်ကျန်း စိတ်အေးသွားတယ်။ တဖက်ကလည်း နင်ထျန်းချဲ့က စာတွေ ဆက်တိုက်ပို့ထားတယ်။

ခင်ဗျားမှာ ယန်စွမ်းအင်တွေ ပြည့်နေတာ ကျွန်တော် မြင်ပြီးပြီ။ ခင်ဗျားရဲ့ယန်စွမ်းအင်အရင်းအမြစ်က တစုတစည်းတည်း ဖြစ်ရမယ်။ လူပျိုစစ်စစ်တယောက်ရဲ့ ကျင်ငယ်ရေက မကောင်းဆိုးဝါးနှင်ဖို့ အထိရောက်ဆုံးနည်းလမ်းပဲ။ ခင်ဗျားက လူပျိုစစ်စစ်လို့ ကျွန်တော် ယူဆတာက မှားနိုင်လား။

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now