အခန်း ( ၅.၁ )

3.7K 804 58
                                    

ကျွန်တော် ခံစားသွားရတယ်။ အိမ်သာသန့်ရှင်းရေးလုပ်ပြီးတော့ ကျွန်တော့်အနံ့ကဆိုးနေလို့လား။ အဲ့လိုဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်။ အဲ့လိုမဟုတ်ဘဲ ကျွန်တော်နဲ့ ခုမှ ဆုံတဲ့ လုပ်ဖော်ကိုင်ဖက်ဆီကနေ အဖက်မတန်သလို ဆက်ဆံခံရရင် ကျွန်တော် စိတ်မကောင်းဖြစ်ရလိမ့်မယ်။

ပြောစရာအကြောင်းအရာမရှိဘဲ ကျွန်တော် စကားဆက်ပြောနေလိုက်တယ်။

“ကျွန်တော့် တခြားလုပ်ဖော်ကိုင်ဖက်ကရော။ ကျွန်တော့် သူ့ကိုလည်း အနှောင့်အယှက်မပေးမိဖို့ မျှော်လင့်ရတာပဲ။”

“မင်း ရေဆွဲချထားတာ။ အိုး နိုး မင်းရေဆွဲချလိုက်တဲ့ ဆံပင်တုက ငါတို့လုပ်ဖော်ကိုင်ဖက်ဟာပဲ။ လတ်တလော ငါတို့ဆီ ‌‌ပြောင်းလာမယ့် လူမရှိဘူး ထင်နေတာ။” လျိုစစ်ရွှင်က  ပြန်ဖြေတယ်။

“ဘာလို့လဲ။ ကျွန်တော် အမှားလုပ်မိသွားတာလား။ အဲ့ဒီဆံပင်တုက လွှင့်ပစ်ထားတာ မဟုတ်ဘူးလား။”

ကျွန်တော့်လုပ်ဖော်ကိုင်ဖက် အိမ်သာပိတ်အောင်လုပ်တာကို ကျွန်တော်လည်း  ပြဿနာမရှာမိပါဘူး။

“အဲ့ဒါမဟုတ်ဘူး။ သူက လောင်ကျွိအခန်းထဲကို ရွှေ့ဖို့ လုပ်ထားတာ။ ဒါပေမယ့် မင်းကဒီမှာ နေနေပြီလေ၊  အမျိုးသားတယောက်နဲ့ နေရတာ အနေခက်လိမ့်မှာပေါ့။ သူ မရွှေ့ဖို့ ဆုံးဖြတ်ပြီးပြီ။”

“ဒါဆို တခြားလုပ်ဖော်ကိုင်ဖက်က အမျိုးသမီးပေါ့။ နည်းနည်းတော့ နေရခက်တယ်။ ဒါပေမယ့် သူက အလုပ်ရှင်ပေးထားတဲ့ အိမ်မှာ မနေရင် ငွေကြေးပိုင်း စိတ်ပူနေရမှာပေါ့။”

ကျွန်တော် စိတ်ပူမိသွားတယ်။  ဆင်းရဲမွဲတေမှုက ဘယ်လိုဆိုတာ ကျွန်တော်သိတာပေါ့။

“ရပါတယ်။ သူ ဘယ်နေရာမှာမှ ပိုက်ဆံပေးမနေဘူး။ သူ ကန်ထုတ်ခံထားရတာလည်း မကြာသေးတာပဲ ရှိတာ။  တခါတလေ အရိုက်တောင်ခံရတယ်။

အရိုက်ခံရတယ်။ ကျွန်တော် မသက်မသာခံစားလိုက်ရတယ်။

“သူက သူ့ရည်းစားအိမ်မှာ နေတာလား။ အဲ့မှာ အနိုင်ကျင့်ခံရတာလား။ ဒါမျိူးက လက်ခံလို့ မရဘူး။ ကျွန်တော်  ရဲခေါ်သင့်လား။”

They All Say I've Met a Ghost ( MM Translation)Όπου ζουν οι ιστορίες. Ανακάλυψε τώρα