အခန်း ( ၁၇ )

2.7K 636 10
                                    

သူက ရုတ်တရက်ကြီး ဘာလို့ ရထားပေါ်ကဆင်းပြီး ကားစီးပြန်လာရတာလဲ။

ကျွန်တော် အဲ့အကြောင်းစဉ်းစားမိပြီး ရှောင်နင်ကို ဖုန်းခေါ်လိုက်တယ်။ ဒါပေမယ့် လိုင်းတတုံးမှ မမိဘူး။ စွန့်ပစ်ထားတဲ့ဆေးရုံဆိုတော့ လိုင်းက မိလိုက်မမိလိုက်ဖြစ်နေတယ်။

"ကျောချင်းကပ်ထားတာ၊ အရမ်းသက်တောင့်သက်သာရှိတယ်။ ကျောချင်းကပ်ထားတာ ‌နွေးထွေးပြီး ဇိမ်ရှိတယ်။"

ထန်ရှောင်းမင်ရဲ့ အသံက ရပ်မသွားဘူး။ ကျွန်တော် ထထိုင်ပြီး မမေးဘဲ မနေနိုင်တော့ဘူး။ ‌
"ရှောင်မင် ငါ့ကို မင်းနဲ့ တအိပ်ရာတည်း လာအိပ်စေချင်တာလား။"

ဒါပေမယ့် ကျွန်တော် ထထိုင်လိုက်တာနဲ့ သူစကားပြောတာ ရပ်သွားတယ်။ သူရှက်နေတာလား။

ရိုးရိုးသားသားပြောရရင် ကျွန်တော် သီးသန့်ကြီး ထန်ရှောင်းမင်နဲ့ တအိပ်ရာတည်း အတူတူမအိပ်ချင်ဘူး။ ရင်ခွဲရုံထဲက ပစ္စည်းအများစုကို အစကတည်းက ဖြုတ်ယူသွားကြပြီ။ ကိုးဆယ်နဲ့ တရာစင်တီမီတာကြားကျယ်တဲ့ ကျိုးကျနေတဲ့ အိပ်ရာနည်းနည်းပဲ ရှိတယ်။ လူကြီးတယောက် အိပ်ဖို့တောင် နည်းနည်းလေး ကျဉ်းနေတာ လူနှစ်ယောက်ဆို ပိုဆိုး။

ထန်ရှောင်းမင်သာ ကျွန်တော်နဲ့အတူတူ အိပ်ချင်ရင် ကျွန်တော်တို့နှစ်‌ေယာက် အရမ်းပူးကပ်ပြီး အိပ်မှရမယ်။ သူပြောတဲ့ ကျောချင်းကပ်အနေအထား ဒါမှမဟုတ် သူ့ကို ကျွန်တော် ဖက်ထားရလိမ့်မယ်။

ယောကျာ်းတွေကို လိင်ပိုင်းဆိုင်ရာစိတ်၀င်စားတဲ့ အရွယ်ရောက်ယောက်ျားတယောက်က အိပ်ရာတခုထဲမှာ ဆယ့်သုံးဆယ့်လေးအရွယ်ကောင်‌လေးကို လက်မောင်းထဲ ထားပြီး အိပ်နေတဲ့ပုံကို မြင်‌ယောင်ကြည့်လိုက်။ အဲ့ဒါက နှစ်ဆယ့်ခြောက်နှစ်အရွယ်ကျောင်းဆရာက အလယ်တန်းကျောင်းသူကောင်မလေးကို ကိုင်ထားတာနဲ့ အတူတူပဲ။ ပုံက အမှန်တကယ်ကို မြင်မကောင်းရှူမကောင်း။ သေချာပေါက် အဲ့လိုလုပ်လို့မရဘူး။

ကျွန်တော် ပြောလိုက်တယ်။

"ရှောင်မင် ငါတို့ တအိပ်ရာတည်းအိပ်ဖို့က အဆင်မပြေဘူး။ မင်းအေးနေရင် ငါ့အဆောင်ကို ပြန်ရအောင်လေ။ အခန်းကလွတ်နေတာ ပြီးတော့ အိပ်ရာလည်းရှိတယ်။"

They All Say I've Met a Ghost ( MM Translation)Onde histórias criam vida. Descubra agora