အခန်း ( ၁၁. ၁ )

2.9K 642 38
                                    

" သရဲတွေက CCTV မှာ မပေါ်ဘူး။ ပြီးတော့ သာမန်လူတွေ မမြင်နိုင်ဘူး။ ကျွန်တော့် ကိုယ့်ဘာသာပဲ စွန့်စားရမှာ။

ရှောင်နင်က စိတ်ပါလက်ပါ ပြန်ပြောတယ်။

"........"

ဆက်ပြောလို့ မဖြစ်တော့ဘူး။

ဆရာအသစ်တယောက်အနေနဲ့ ကျွန်တော့်ရဲ့ အတွေ့အကြုံက အကန့်အသတ်ရှိတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီလို နှလုံးသားလှတဲ့ လူငယ်လေး ရွှံတောထဲ နစ်နေတာကို လကိပိုက်ကြည့်မနေနိုင်ဘူး။ ကျွန်တော် သူ့ကို သိပ္ပံပညာမှာ ယုံကြည်မှုအသစ်ရှာတွေ့အောင် ကူညီမှ ဖြစ်မယ်။

" တရက်လောက် တွေ့ရအောင်။ ငါ ဖုန်းထဲက‌နေ အကုန်လုံး ရှင်းမပြနိုင်ဘူး။ အဲ့ဒါကြောင့် လူချင်းတွေ့ဖို့ ဆုံးဖြတ်လိုက်ပြီ။ ငါ မနက်ဖြန် အချိန်ပိုင်းအလုပ်ရှိတယ်။ အဲ့တော့ အချိန်မရှိဘူး။ဖိန်းနွဲခါဆို ဘယ်လိုလဲ။ တနင်္လာနေ့ နေ့လယ်လေ။"

"ခင်ဗျား သရဲအကြောင်းပြောချင်တာလား။ ပြဿနာမရှိပါဘူး။ အရင်ရက်တွေတုန်းက ခင်ဗျား သရဲတွေကို အကြိမ်ပေါင်းများစွာ ကြုံပြီးသွားပြီ။ ခင်ဗျား အတော်ကို ကံဆိုးနေတာ။ ဒီကနေ လွတ်အောင်ပြေးဖို့ လိုတယ်။"

"အဲ့ဒါ‌ေကြာင့်မို့ အခု မောလ်တံခါးကို ရိုက်ချိုးဖို့ မသွားနဲ့တော့။ ငါတို့ အပြင်ရောက်ပြီးနေပြီ။ သရဲရှိနေတယ်ဆိုရင်တောင် တယောက်ယောက်ကို အန္တရာယ်ပေးလား မင်းမသိဘူးလေ။ ဟုတ်တယ်မလား။"

နင်ထျန်းချဲ့ တွေသွားတယ်။

"ဒါပေမယ့် သရဲကို ကျွန်တော် အဲ့မှာထားခဲ့ရင်၊ တယောက်ယောက်ကို ဖြည်းဖြည်းချင်း အန္တရာယ်ပေးလိမ့်မယ်။"

"ကောင်းပြီလေ။ မနက်ဖြန် မောလ်ဖွင့်တဲ့အခါ မင်း ငါ့ဆီလာလိုက်တာ ပိုကောင်းမယ်။ ပြီးရင် ငါတို့ ‌ေတွ့ဖို့ အခွင့်အရေးရ‌လောက်မှာပါ။"

ကျွန်တော် အကြံပေးလိုက်တယ်။

"ဟုတ်ပြီလေ"

သူ ဥပဒေချိုးဖောက်ပြီး မောလ်ထဲ ခိုးမ၀င်တော့ဘူးဆိုတာကို ကျွန်တော် ကြားမှ စိတ်အေးသွားတယ်။ ကျွန်တော် နင်ထျန်းချဲ့နဲ့ အတော်ကြာအောင် စာပို့တယ်။ နောက်တော့ သူ့ကို အနားယူဖို့ ပြောလိုက်တယ်။ ပြီးတော့မှ ကျွန်တော် ဖုန်းချပြီး မျက်လုံးမှိတ်ရင်း ခုံနောက်ကို မှီလိုက်တယ်။

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now