အခန်း ( ၂၁ )

2.5K 612 17
                                    

လက်ချောင်းတွေက နှလုံးနဲ့ ဆက်သွယ်နေတယ်လို့ ပြောကြတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဘဘ်လိုနာကျင်မှုကိုမှ မခံစားရဘူး။ ကျွန်တော့်မျက်လုံးတွေက နင်ထျန်းချဲ့ရဲ့ နှုတ်ခမ်းဆီပဲ အကြည့်ရောက်နေတယ်။ သူနေ့ခင်းကြောင်တောင်ကြီး ကျွန်တော့်လက်ချောင်းကို သူ့ပါးစပ်ထဲထည့်ပြီး ကိုက်လိုက်တာလား။ အဲ့လိုလား။

ရှက် ရှက်လိုက်တာ။

နင်ထျန်းချဲ့က သူလုပ်နေတာတွေ ပြီးသွားတော့ ကျွန်တော်ရဲ့ မှင်သက်နေတဲ့ အမူအရာကို မြင်သွားတယ်။  သူ့စျေးဝယ်ခြင်းတောင်းထဲက ပလာစတာထုတ်ပြီး ကျွန်တော့်လက်မှာ ကပ်ပေးတယ်။ သူ ကျွန်တော့်လက်ကို ငုံ့ကြည့်နေတုန်း သူ့ရဲ့ အနည်းငယ်လှုပ်နေတဲ့ မျက်‌တောင်အရှည် အရှည်ကြီးတွေက ကျွန်တော့်စိတ်ထဲ ရောက်လာတယ်။

“ဆောရီး။” ရှောင်နင်က ကျွန်တော့်ကိုပြောတယ်။ “ကျွန်တော်က ကိုယ့်လက်ချောင်းကိုယ် ကိုက်နေကျဆိုတော့ ဆေးဆိုင်မှာ သွေးဖောက်ဖို့အပ်ဝယ်လို့ရတာကို မေ့သွားတယ်။ အဲ့လိုဆို ဒဏ်ရာက ပိုသေးလောက်တယ်။”

သူ့ပုံက အတည်ပြောနေတာဆိုတော့ ကျွန်တော်လည်း ထွေထွေထူးထူးတွေးမနေတော့ဘူး။ ကျွန်တော် လက်ယမ်းပြလိုက်တယ်။

“ရတယ် ရတယ် ငါက အရေထူပါတယ်။ ခဏနေကောင်းသွားမှာ။ ဒါပေမယ့် ဒါက ဘယ်လိုလျိုဝှက်နည်းလမ်းကြီးလဲ။ ပိုးသတ်ဆေးကို သွေးနဲ့ရောတာက ပိုးကောင်သတ်တဲ့အခါ ပိုထိရောက်တာလား။ ငါက ဝိဇ္ဇာကျောင်းသားဆိုတော့ ဓာတုဗေဒအကြောင်း သိပ်မသိဘူး။ ဒီကိစ္စနောက်မှာ သိပ္ပွံနည်းကျ စည်းမျဥ်းတွေများ ရှိလား။”

နင်ထျန်းချဲ့က ဓာတုဗေဒဆိုတဲ့ စာလုံးကို ကြားတော့ မျက်မှောင်ကြုတ်သွားတယ်။ သူက

“ကျွန်တော် မှတ်မိသလောက်ကတော့ ဂျုနီယာအလယ်တန်းတတိယနှစ် ဓာတုဗေဒအတန်းတုန်းက သံလိုက်တွန်းကန်အားနဲ့ ပတ်သက်ပြီး လက်တေွ့စမ်းသပ်ချက်လုပ်ရတယ်။”

ကြည့်ရတာ ရှောင်နင်က ‌မောင်ရှန်းဂိုဏ်းမှာ ကြီးလာတယ်ဆိုပေမယ့် ပြဌာန်းထားတဲ့ ပညာသင်နှစ်ကိုးနှစ်ကိုတော့ တက်ခဲ့ပုံပဲ။
ကျွန်တော်တို့နှစ်ယောက်လုံး ဓာတုဗေဒအကြောင်း သိပ်မသိကြ‌တော့ ခဏလောက် တယောက်မျက်နှာ တယောက်ကြည့်ပြီး ဆက်မဆွေးနွေးဖို့ အသံတိတ်သဘောတူလိုက်တယ်။

“ငါအမြင်ကတော့ ကြွက်ထောင်ချောက်မှာ ဒိန်ခဲတပ်တဲ့ပုံစံမျိုးပဲ။”  ကျွန်တော် ပြောလိုက်တယ်။ “ခြင်တွေက သွေးစုပ်တာတို့ ပုပ်သိုးနေတဲ့အစာတွေ စားရတာတို့ ကြိုက်တယ်လေ။ သူတို့ကို ဆွဲဆောင်ဖို့ သွေးသုံးတာက ပိုးသတ်ဆေးရဲ့ ထိရောက်အားကို တိုးစေတယ်။”

They All Say I've Met a Ghost ( MM Translation)Where stories live. Discover now