ဟိုးအရင်ကတည်း တစိမ့်စိမ့်ကြည့်မဝအောင် ချောလွန်းသည့်မှိုင်းကို တာရာ့နှလုံးသားက တဘောတကျရှိလွန်းခဲ့သည်။ ယခုလည်းပဲ အသေးစိတ်မြင်ခဲ့ရသည့် မှိုင်းမျက်နှာ၏ချောမောမှုတွေက အပျိုဖြန်းလေးတာရာ၏နှလုံးသားကို ဆုပ်ကိုင်နေတော့သည်။

မျက်ခုံးထူထူအောက်က ဘယ်တောမှမချိုမြိန်ခဲ့သည့်မျက်လုံးစူးစူးတွေက မာနတွေရောင်ဟတ်ထားတော့ ပိုကြည့်ကောင်းနေသည်။ စင်းနေသည့်နှာတံချွန်ချွန်အောက်မှ မပြုံးမရယ်တတ်သည့် ပိရိသေသပ်လှသောနှုတ်ခမ်းထူထူတို့ဟာလည်း ဘယ်လောက်တောင် ယောင်္ကျားပီသနေလိုက်ခြင်းလဲ..။

ဒီမျက်နှာချောချောဟာ အေးစက်စက်အငွေ့အသက်တွေလွှမ်းခြုံနေသည့်တိုင် ဒါကလည်းမှိုင်းအတွက်ပြင်းရှသည့်ဆွဲဆောင်မှုဖြစ်ခဲ့သည်။ ဘယ်သူနဲ့မှမတူသည့်ဆွဲအားတွေနှင့် မှိုင်းက တာရာ့ဘဝကိုဟိုးငယ်ငယ်ကတည်းက ရစ်ပတ်ချည်နှောင်ခဲ့သည်။

မကြင်နာတတ်သည့်ဒီမျက်ဝန်းစူးစူးတွေကပဲ တာရာ့၏မြတ်နိုးရာဖြစ်ခဲ့သည်။ သွေးအေးအေးနှင့်ဆက်ဆံတတ်သည့် ဒီနှုတ်ခမ်းတွေက တာရာ့နှလုံးသားဖြစ်ခဲ့သည်။ အကြင်နာတရားကင်းမဲ့သည့် အေးစက်စက်မျက်နှာကပဲ တစ်ဘဝလုံးကိုးကွယ်ပုံအပ်ရာဖြစ်ခဲ့ပါ၏။

အခုတော့ပို၍တိုးကာ မြတ်နိုးရမည့်အရာတစ်ခုပေါ်လာခဲ့ချေပြီ။ ထိုအရာက ကြွက်သားတွေကျစ်လျစ်နေသည့် ရင်သက်ရူမောဖွယ် ရင်ဘတ်ကြီးတွေ..။

တာရာသည် အိပ်ဖို့ကြိုးစားနေရာမှ ရင်ခုန်သံတွေကြားလူးလိမ့်နေရသဖြင့် ဘယ်လိုမှ မအိပ်နိုင်တော့ဘဲရှိနေ၏။ လူးလိမ့်နေရင်းမှ တစ်စုံတစ်ရာအတွေးဝင်လာတော့ တာရာငေါက်ခနဲ့ထထိုင်လိုက်သည်။ နားရက်တွေဆိုရင် ဖုန်းခဏကိုင်ခွင့်ရတော့ ဖုန်းကိုယူလိုက်သည်။ ထို့နောက်  ပေါ်လာသည့်အတွေးထဲကအတိုင်း Facebook တွင် Tar Yarဟုအမည်ပေးထားသည့် အကောင့်နာမည်​လေးကို ချိန်းလိုက်ပါတော့သည်။

"အဟိ...."

ကိုယ့်ဘာသာနာမည်ပြောင်းလိုက်ပြီးမှ ပြောင်းလိုက်ရသည့်နာမည်ကိုကြည့်ရင်း တစ်ယောက်တည်းသဘောတွေကျကာ တဟိဟိရယ်နေတော့သည်။

🖤Until the End of Time 🖤 Where stories live. Discover now