~~~~~~~~~~~~~~~~~~~~~
Park Chanyeolဆိူတဲ့လူဆီက အိမ်ကိုအခေါ်ခံထားရလို့ beakhyun ပါးစပ်စိမရ။တခြားအိမ်တွေကလဲ ၅လည်ခေါ်ပင်မယ့် ခံစားချက်ခြင်းမတူပေ။အခုက ကျောက်ပုစွန် ချက်နေတာကို ကြည့်နေရတဲ့ ခံစားချက်မျိုးယ....ဆိုးလ်က လာတဲ့လူမို့ များလား..........

Beakhyunရဲ့ ပျော်ရွင်နေတဲ့ စိတ်ကလေးကို ဖျက်စီးတဲ့လူကတော့ Kaiပါပဲ.......Park Chanyeolဆိုတဲ့လူက kaiကိုပါ မနက်ဖြန် သူ့အိမ်ခေါ်ထားတာတဲ့လေ။

ဒီက ကြွားမလို့ကို တကယ်ပါဘဲ.........

မနက်အစောကြီး Kaiရဲ့ တတ်ကြွမှုကြောင့် သူများအိမ်ကို အရှက်မရှိ ၆နာရီထိုးကြီး ရောက်သွားသည်။
အိမ်ရှင်ဖြစ်တဲ့ Park Chanyeolဆိုတဲ့လူနဲ့ သူ့သူငယ်ချင်းကတော့ အိပ်မှုန်စုတ်ဖွားဖြစ်နေသည်။

အလိူမကျတဲ့ မျက်နှာနဲ့ Park Chanyeolရဲ့ သူငယ်ချင်းကြောင့် Baekhyun သွားဖြီးပြလိုက်သည်။အောက်ကတော့ Kaiရဲ့ ခြေထောက်ကိုတတ်နင်းထားလိုက်သည်။

ဒါပင်မယ့် Kaiတို့ကတော့ မမှု.....အိပ်ရာတွေပါ ဝိုင်းသိမ်းပေးရင်း Do Kyungsooဆိုတဲ့ လူနောက် တကောက်ကောက် လျှောက်လိုက်နေသည်။

"Beakhyun ရော့ အေးနေတယ်မလား ကော်ဖီလေး သောက်လိုက် မင်းတို့ကအစောကြီးလာတော့ အိမ်မှာ ဘာမှ မပြင်ထားရဘူး"

Park Chanyeolပေးတဲ့ ကော်ဖီကို ယူလိုက်သည်။

"ငါတို့အမှားပါ အစောကြီး လာမိ........"

စကားပြောရင်း မော့ကြည့်လိုက်မိတာကို Beakhyunနောင်တရချင်သွားသည်။

သေပြီဟေ့.....မျက်နှာသစ်ပြီးကာစမို့ ရေစက်တွေ တင်ကျန်နေတဲ့ မျက်နှာချောချောနဲ့ အရှေ့ဆံပင်က  ရေစိုနေပြီး ရေစက်လေးတွေက တွဲခိုနေတယ်......
ပါးရိုး နှစ်ဖက်က ထင်းနေပြီး နားရွက်ကားကားတို့က အမြင်ကပ်လောက်အောင် လိုက်ဖက်နေပြန်သည်။

"Beakhyun အဆင်ပြေရဲ့လား"

"ဟမ် အင်းးး ပြေပါတယ်"

Beakhyun အသက်ပါ ရူလို့ မဝချင်သလို ဖြစ်လာသည်။
ဘာလို့ စောက်ရမ်းချောနေရတာလဲ......ဘာလို့ အကြာကြီး ကြည့်မိပြန်ပြီလဲကွာ.......ငါကျ ဘာလို့ သူ့လို မေးရိုးမရှိဘဲ ပါးဖောင်းဖောင်းဘဲ ရှိနေရတာလဲ....

ပင်လယ်ဖျံလေးရဲ့ ဒေါက်တာWhere stories live. Discover now