အဲ.....သူတစ်ခုခုများအမှားလုပ်မိသွားလို့လားဟင်။

ထိုနတ်ဆိုးဟာ ကြက်သီးထနေသည့် သူ့လက်မောင်းကိုပွတ်သပ်လိုက်ရင်း တံတွေးတစ်ချက်မျိုချကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် စကားဆိုလာသည်။

"ဟို...ဟို.....ကျင့်ကြံသူတစ်ယောက်က အရှင့်ရဲ့ နန်းတော်ရှေ့မှာ ပြ...ပြဿနာရှာ..ရှာနေပါတယ်....."

ဝမ်ရိပေါ် မျက်မှောင်ကြုပ်လိုက်သည်။ လူစိမ်းတစ်ယောက်က နတ်ဆိုး နန်းတော်ထဲဝင်လာနိုင်တဲ့အထိ တစ်ခြားနတ်ဆိုးတွေက အသုံးမကျတော့တာလား။

"ဒီကိစ္စလေးနဲ့ ငါ့ကိုလာရှာတာလား...."

"မ..မဟုတ်ရပါဘူးအရှင်....အဲ့ဒီကျင့်ကြံသူက 'သူ'နဲ့ ၇၀ ၈၀% လောက်ဆင်တူပါတယ်..."

ဝမ်ရိပေါ်ရဲ့ အေးဆေးတဲ့မျက်နှာမှာအကြီးအကျယ်ပြောင်းလဲသွားသည်။ သူ့မျက်နှာက တဖြည်းဖြည်းဆိုးဝါးလာပြီး မေးကြောတွေထောင်ထလာသည်အထိ ပြင်းထန်ရက်စက်လာ၏။

ရှောင်ကျန့် ဝမ်ရိပေါ်ရဲ့ စွမ်းအင်အတတ်အကျကိုမြင်သည့်အခါတွင် အလျှင်အမြန် လက်မောင်းကိုဆွဲကိုင်လိုက်သည်။ ရှောင်ကျန့်၏အပြုအမူက ဝမ်ရိပေါ်ရဲ့လှုပ်ရှားမှုတွေကိုရပ်တန့်သွားစေသည်။

"ခင်ဗျားဘယ်သွားမလို့လဲ...."

စွမ်းအားကြီးနတ်ဆိုးသည် အရှင်ဖြစ်သူဒေါသထွက်နေတဲ့အချိန် ဝင်ရောက်စွက်ဖက်ရဲတဲ့ သတ္တိကောင်းလွန်းသူကို ထိတ်လန့်စွာကြည့်လိုက်မိသည်။ ဒီအားနည်းလှတဲ့လူသားလေး နေရာမှာတင် ပွဲချင်းပြီးပေါက်ကွဲထွက်သွားမည်ကိုတောင်သူ မြင်ယောင်လာမိသည်။

သို့သော်....ခါးသီးလွန်းလှသည့်အမှန်တရားက နတ်ဆိုးဧကရာဇ်ကြီးဟာ ရှောင်ကျန့်ရဲ့အပြုအမူအပေါ်အနှောင့်အယှက်မဖြစ်မိသည့်အပြင် ဒီသာမန်လူသားလေးကိုတစ်ယောက်တည်းထားခဲ့ရမှာ စိတ်မချရဘူးဟုတွေးမိသွားသည်။ မျက်မှောင်တစ်ချက်ကြုပ်ကာ စဥ်းစားလိုက်ရင်း ဝမ်ရိပေါ်ဟာ ရှောင်ကျန့်ကိုခါးကနေဆွဲယူ၍ သူ့ရင်ခွင်ထဲသွင်းလိုက်ပြီး နေရာမှာတင်ပျောက်ကွယ်သွားခဲ့လေသည်။

စွမ်းအားကြီးနတ်ဆိုး : "....."

အယ်.....

တစ်ဖက်တွင် ရှောင်ကျန့်သတိဝင်ချိန်၌ ကြီးမားသည့်နန်းတော်ကြီးတစ်ခု၏ အရှေ့ဘက်သို့ရောက်ရှိနေပြီဖြစ်သည်။ နတ်ဆိုးစစ်သားတစ်ချို့က ဖုန်မှုန့်ကင်းစင်သည့်အဖြူရောင်ဝတ်စုံဖြင့်ပုံရိပ်လေးတစ်ခုကို ပြင်းပြင်းထန်ထန်တိုက်ခိုက်နေသည်။ အနီးအနားမှာရှိတဲ့နတ်ဆိုးတစ်ယောက်ဆီတိုင်းက ကျင့်ကြံရေးလောကတစ်ခုလုံးကို လက်ဖျောက်တစ်ချက်တီးရုံနှင့် ဖျက်ဆီးနိုင်သော်လည်းပဲ ဘာကြောင့်ရယ်မှန်းမသိ အနှီးအဖြူရောင်ပုံရိပ်လေးကိုမဖမ်းမိနိုင်ပဲရှိနေ၏။

system 091 حيث تعيش القصص. اكتشف الآن