🔥12🔥

7.7K 1.1K 230
                                    

၁၄နှစ်ခန့်ကြာသော်...................။

မနက်စောစောမျက်နှာကိုဖြတ်တိုက်သွားတဲ့
နွေဦးလေပြေတစ်ခုဟာပူပူလောင်လောင်ဘဝ
တစ်ခုအတွက်အနည်းငယ်အေးချမ်းရာပဲ။

Parkအိမ်တော်ရဲ့ ဝရံတာတစ်ခုတွင်မတ်တပ်ရပ်
ကာအကြောင်းအရင်းမဲ့ ပန်းတွေပွင့်လာတာ
ပန်းတွေကြွေကျကုန်တာ ပန်းတွေပြန်ပွင့်လာပြန်
တာကိုအိပ်ရာနိုးတိုင်းဆွေးဆွေး​ငေးငေး ကြည့်ရ
သည်ကိုနှစ်သက်ခဲ့သည်။

လက်ချောင်းရှည်တွေသည်ဝရံတာပေါ်ထိတင်ရုံ
ထားပြီး ဆံပင်တွေသည်လေပြေလေနုတွေကြောင့်
တလွင့်လွင့် ၁၄နှစ်ကြာပြီးနောက်အရွယ်တစ်ခု
ကိုရောက်ခဲ့သောခန္ဓာကိုယ်နှင့်အရပ်အမောင်းသည်
ငေးမောကြည့်ဖွယ်အလွန်လှလှပပတည်ရှိလာခဲ့သည်။

ပိုအေးသောလေနုအေးလေးထပ်မံတိုက်ခတ်
လာတော့မျက်လုံးတွေကိုမှိတ်ကာသဘာဝတရား
၏လက်ဆောင်အားအေးအေးလူလူလက်ခံရယူ
နေခဲ့သည်။

"Jungkook......"

အေးချမ်းသာယာနေတယ်လို့သတ်မှတ်လို့ရသော
အခြေအနေတွင်ခေါ်သံတစ်ခုဖြတ်ဝင်လာ၍
လှည့်ကြည့်လိုက်တဲ့အခါ မလှမ်းမကမ်းတွင်
ရောက်နေသူကဦးလေးKim။

ဝိုင်းစက်လှပတဲ့မျက်ဝန်းတစ်စုံနဲ့လှည့်ကြည့်
လာတဲ့သူ။အရွယ်ရောက်သွားပြီးဖြစ်သော
သူချူပ်နှောင်ခေါ်လာခဲ့တဲ့ငါးနှစ်အရွယ်ကလေးလေး။
မျက်လုံးတွေကလွဲပြီးကျန်တာအားလုံးအံ့ဩစရာ
ကောင်းအောင်ပြောင်းလဲသွားခဲ့ပြီ။

"နိုးနေပြီ...."

အိမ်တော်ရဲ့သခင်တွေနီးပါးသူအသက်ကြီးလာလေလေ
လေးစားမှုရှိခဲ့ရလေလေပဲ။အရွယ်တစ်ခုရောက်
သွားတဲ့အခါ Parkအိမ်တော်မှာသူဟာနေရာတစ်ခု
ရှိလာခဲ့သည်။ဘယ်နေရာဆိုတာကပြောရခက်ပေမယ့်
"ဂျွန်"ဆိုရင် အားလုံးကသတိအနေအထား။

ဂျွန်ဟာ ဆိုးခဲ့လို့လားဆိုပါကငြင်းရလိမ့်မည်။
အဖြေသည်ဂျွန့်အပိုင်ကသိပ်ဆိုးခဲ့ခြင်းကြောင့်။

တစ်စုံတယောက်ကအတ္တတကြီး
ငယ်ဘဝတစ်လျှောက်လုံး
"ငါ့အရုပ်လို့"အော်ဟစ်ခဲ့တာတွေက
တကယ်ပဲအရုပ်ဖြစ်သွားခဲ့သလားထင်ရအောင်
ဂျွန့်မျက်နှာဟာ အရုပ်လေးတစ်ရုပ်လို
ဖြစ်တည်လာခဲ့သည်။

NERVEUX WINEWhere stories live. Discover now