🔥10🔥

8K 1.1K 344
                                    


"သေသေချာချာညှပ် ပန်းပွင့်ဆိုပန်းပွင့်ပုံ
အသဲပုံတွေလည်းဖြစ်အောင်ညှပ် ဒီစာအုပ်တွေ
အကုန်ညှပ်နိုင်တယ်ဆိုရင် ဒီနေ့အခန်းပိတ်မထားဘူး
နော်....ကလေးလေး....."

အိမ်တော်ကြီး၏အခမ်းနားဆုံးဧည့်ခန်းတွင်
Parkသခင်လေးသည်စက္ကူတွေ
ကိုကပ်ကြေးဖြင့်ပုံစံမျိုးစုံပုံဖော်ညှပ်သည့်
ကစားနည်းကိုကစားနေသည်။

Parkသခင်လေးကဆိုဖာပေါ်တွင်ခြေထောက်
လေးချိတ်ကာစာရွက်တွေကိုရွေးပေးနေပြီး
ကြမ်းပြင်တွင်ကျုံ့ကျုံ့လေးထိုင်ကာညှပ်ပေးနေရ
သူကဂျွန်ဖြစ်သည်။

ဂျွန်ထွက်ပြေးပြီးထဲကအိမ်တော်ထဲပိတ်သွားခဲ့
သောတံခါးတွေအများကြီးပဲ။Parkသခင်လေးသည်
ကြိုက်လှစွာသောအရုပ်လေးကိုကိုယ်နဲ့မကွာထား
သလိုမျိုးဂျွန်ဟာအမြဲတမ်းအနားမှာရှိခဲ့သည်။
အဆိုးထဲကအကောင်းဖြစ်ခဲ့သလိုသူကျောင်းသွားတဲ့
အချ်န်တွေလည်းအိမ်မှာထားခဲ့ရတာမဖြောင့်၍
ဂျွန်ဟာ Parkသခင်လေးနဲ့အတူတူကျောင်းတက်ခဲ့ရ
သည်။

"စာတတ်စေချင်လို့တော့မဟုတ်ဘူး
စာမသင်လည်းရတယ် စေတနာလည်းမရှိဘူး
ဒါ​ပေမယ့်အိမ်မှာထားခဲ့ရင် ထပ်အခိုးခံရမှာ
ငါရှုံးလို့မဖြစ်ဘူး..."

မူကြိုလိုအတန်းလေးကိုကျိကျိတက်သူဌေးသားသမီး
တွေကြားဂျွန်ရောက်သွားခဲ့သည်။သွားဆိုလည်း
သွားခဲ့ရတယ်။တက်ဆိုလည်းတက်ခဲ့ရတယ်။
ဂျွန့်အနေနဲ့ကျောင်းပျင်းခဲ့တဲ့ကလေးတော့မဟုတ်ခဲ့ဘူး။
ရွယ်တူကလေးလေးတွေအများကြီးတွေ့တော့
စိတ်လှုပ်ရှားစွာပျော်ရွှင်ခဲ့သည်။

"တစ်ယောက်ယောက်နဲ့စကားပြောရင်
ရိုက်မယ် တစ်ယောက်ယောက်ကိုပြုံးပြရင်
ပိုရိုက်မယ် ငြိမ်ငြိမ်နေ ငါလာလာကြည့်မှာ..."

အိမ်မှာလည်းမထားခဲ့နိုင် အနီးနားထားပြန်တော့
လည်းအဆင်မပြေနိုင်သူသည်ကြောက်စရာ
ကောင်းတဲ့ခြိမ်းခြောက်မှုတွေအများကြီးလုပ်ခဲ့သည်။

"ဆရာမနဲ့တွေ့ရင်တော့ ပြောရမှာပေါ့...
ဘယ်သူ့မှစကားမပြောရဘဲKooက
ဘယ်လိုစာသင်ရမှာလဲ..."

NERVEUX WINEWhere stories live. Discover now