🔥11🔥(Part2)

6.6K 1K 239
                                    


စာသင်ခန်းထဲနေရတဲ့အချိန်တွေဟာအသက်ရှု
အချောင်ဆုံးအချိန်တွေမလို့ ဂျွန်ဟာကလေးဘဝ
အတန်းဖော်တွေနှင့်ဆော့ကစားဖို့ဆီမရောက်ခဲ့။
ရောက်တာနှင့်အိမ်ကအမောတွေဖြေရသလိုငြိမ်ငြိမ်
နေတတ်သည်။

Parkသခင်လေး၏အရှိန်ကြောင့်သူ့ကိုဘယ်ကလေး
ကမှခေါ်ခေါ်ပြောပြောမလုပ်ခဲ့ကြသလိုဂျွန်ကလည်း
ဘယ်ကလေးကိုမှမခေါ်ခဲ့ရပါ။

Parkအိမ်တော်ကြီးကဂုဏ်သတင်းမွှေးလှသော
Parkသခင်လေး၏အပိုင်အရုပ်လေးဆိုတာနှင့်ဝေးဝေး
ရှောင်ကာဂျွန်ဟာ အမြဲတမ်းလိုလိုတစ်ယောက်ထဲ
ချောင်ကပ်စာသင်ရသောကလေးတစ်ယောက်
ဖြစ်ခဲ့သည် ။

အချိန်မရွေးလာကြည့်တတ်၍ဖြစ်သည်။
မနက်တစ်ခါဒီတိုင်းဆိုပြီးလာကြည့်တတ်ကာ
နေ့လည်ထမင်းစားချိန်KimTaeHyung နဲ့အတူ
လာကြည့်တတ်သည်။
ကျောင်းဆင်းခါနီးလည်းပျင်းလို့ဆိုကာ
ရောက်ရောက်လာတတ်သည်။

မှန်တံခါးမှလက်ပိုက်ကာ
လာကြည့်ချ်ိန်တိုင်းတစ်ယောက်ယောက်နှင့်
စကားပြောနေတာ ရယ်ပြုံးနေတာတွေကို
မြင်သွားခဲ့လျှင် အိမ်ပြန်တဲ့အခါတိုင်းဂျွန့်ရဲ့
ငိုသံတွေဟာကျယ်လောင်သွားတတ်သည်။

သူ့စိတ်တိုင်းကျငြိမ်ငြိမ်လေးထိုင်ကာ
သူလာတာနှင့် အသိအမှတ်ပြုသလို
လှမ်းကြည့်ပေးလျှင် အမြင်ကပ်ဖွယ်ရာ
အပြုံးတွေသည် မွန်းကျပ်ဖွယ်ရာအတိပဲ။

"Jungkook ဒီနေ့သွားကစားကြမယ်လေ
ဒီနေ့တော့ လိုက်ခဲ့ပါ...."

ကင်ယူဂျောင်းဆိုတဲ့အတန်းဖော်သူငယ်ချင်းမလေး
သည်သူ့ကိုကစားကွင်းမှာအတူတူသွားဆော့ဖို့
ခေါ်နေခဲ့တာရက်ပေါင်းများစွာရှိခဲ့ပြီ။
ဖြေးညှင်းစွာခေါင်းခါပြခဲ့တာလည်းရက်ပေါင်းများစွာ
ရှ်ိခဲ့ပြီ။

မဆော့ချင်လို့လားဆိုပါကလုံးဝမဟုတ်ပါ။
အတူတူကလေးတွေအားလုံးလွတ်လပ်စွာ
ဆော့ကစားချိန်တိုင်းအဝေးကပဲလှမ်းငေးရကာ
ငြိမ်ငြိမ်နေရခြင်းကိုအလွန်မုန်းခဲ့ပါ၏။
သူဟာဘယ်လိုကလေးမလို့လဲ။

သို့သော်ဘယ်ကဘယ်လိုဘယ်အချိန်ပေါ်လာ
မယ်မှန်းမသိတဲ့ သူကိုကြိုတင်ကြောက်၍
တစ်ယောက်ထဲဝမ်းနည်းစွာကျန်ခဲ့ရတာချည်းပဲ။

NERVEUX WINEWhere stories live. Discover now