🔥11🔥(Part1)

6.5K 992 262
                                    

"Yoongi ကသိပ်လိမ္မာတာပဲ ပိုက်ဆံကိုသေချာယူပြီး
ပြန်နော် အမေနဲ့အဖွားကိုလည်းဂရုစိုက်ဦး..."

စိုက်ခင်းကိုအမေလည်းမလုပ်နိုင်တော့သလို
အဖွားလည်းလှည့်မကြည့်န်ိုင်တော့၍ငယ်ရွယ်
သောအသက်အရွယ်မှာထဲကYoongiလုပ်ခဲ့ရသည်။
ဝယ်သူကငွေပေးတဲ့အခါနှုတ်ဆိတ်စွာယူလျှက်
ထွက်လာခဲ့သည်။

ရွာနှင့်ခပ်ဝေးဝေးသွားတက်ရသော
အတန်းကျောင်းလေးတစ်ခုကို
တက်တစ်လှည့်မတက်တစ်လှည့်။တစ်ခါတလေ
လည်းစိတ်တွေညစ်လွန်းလာလျှင်စိုက်ခင်းထဲ
လွတ်လပ်စွာပိုအော်ငိုလို့ရ၍ကျောင်းထက်
စိုက်ခင်းထဲသာအချိန်ကုန်ခဲ့သည်။

သီးနှံတွေသွားရောင်းလို့ရခဲ့သောပိုက်ဆံတွေ
ကိုကြည့်ကာစိတ်တွေပိုညစ်လာ၍
အနောက်ဘက်တောင်တန်းကြီးထဲနေဝင်သွား
သည်ကို ထိုင်နေကျနေရာလေးကနေ
ခပ်ဆွေးဆွေးငေးကာမျက်ရည်တွေဝဲနေလျှက်။

ပြီးခဲ့တဲ့လအနည်းငယ်ကသူKooကို
သွားခေါ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာအဓိက
အသီးအနှံတွေထွက်တဲ့စိုက်ခင်းတချို့
ဖျက်ဆီးခံလိုက်ရတယ်...။

တစ်ညမှာလူတစ်စုအိမ်ထဲဝင်လာပြီး
Parkအိမ်တော်ဆီကိုထပ်လာရင် Kooကိုထပ်ခိုးထုတ်
ရင် သူ့ကိုဖျောက်ဖျက်ပစ်မယ်လို့အတိအလင်း
ဆိုခဲ့ကြတယ်...။

အမေနဲ့အဖွားဖြစ်သူကိုအထပ်ထပ်ခြိမ်းခြောက်
မှုတွေ သတိပေးမှုတွေနဲ့ အိမ်ကိုပါဖျက်ဆီးပစ်မယ်
လို့သေသေချာချာဆိုသွားခဲ့တယ်။

ကြောက်လို့တုန်နေတဲ့အမေနဲ့အဖွားဟာ
သူ့လုပ်ရပ်ရဲ့အကျိုးဆက်ကိုအလူးအလဲခံစားရ
ရင်းငိုကြွေးခဲ့ရမှုတွေလည်းအများကြီးပဲ။

Kooကျောင်းတက်နေတဲ့ပုံရိပ်တွေ။
ကောင်းကောင်းစားပြီး ခွေးလေးတစ်ကောင််နဲ့
ရယ်မောနေတဲ့ပုံရိပ်တွေ။ကိုယ်ပိုင်အခန်းလေး
တစ်ခုနဲ့အဆင့်မြင့်မြင့်နေနေရတဲ့ပုံရိပ်တွေကို
အိမ်ရဲ့ကြမ်းပြင်ပေါ်ဖြန့်ခင်းပြခဲ့ကြတယ်။

အဲ့ဒီညမှာပဲသူ့ကိစ္စနှင့်ပတ်သတ်ပြီး
မေမေ့ဆီ Parkသခင်မကြီးကတိုက်ရိုက်
ဆက်သွယ်လာသောဖုန်းတစ်ခု။

NERVEUX WINEOù les histoires vivent. Découvrez maintenant