🔥9🔥(Part2)

7.2K 1.1K 278
                                    

"ကားမောင်းနေတာ လိပ်လိုပဲ..."

"ထယ်ထယ့် မေမေက ထယ်ထယ်ပါရင်
ဖြေးဖြေးပဲမောင်းရမယ်လို့မှာထားလို့ပါ..."

"ဘာ ထယ်ထယ်လဲ TaeHyungက TaeHyung
နုနုရွရွတွေမခေါ်နဲ့ မကြိုက်ဘူး မြန်မြန်မောင်း
Jimin ကသူခေါ်ရင်အမြန်ရောက်မှ...."

သူ့အဖေကိစ္စပိုဆိုးလာတယ်ထင်ပါ၏။
အိမ်တစ်အိမ်သပ်သပ်ခွဲနေပြီး သူ့ကိုပါအတူတူ
လာနေဖို့ ဆွေးနွေးမယ်ဆိုတဲ့ခေါင်းစဉ်ဖြင့်
လှမ်းခေါ်ထားခြင်းကြောင့်TaeHyungသည်
လည်းအခြွေအရံများဖြင့်မြန်မြန်လာရသည်။

နေဆိုရင်လည်းနေရမှာပဲ...။
Jimin ကောင်းတဲ့ကိစ္စဖြစ်ဖြစ်
ဆိုးတဲ့ကိစ္စဖြစ်ဖြစ် ဦးဆုံးပြေးတိုင်ပင်သူ
ရင်ဖွင့်သူ တ်ိုင်ပင်သူ ဆွေးနွေးသူဖြစ်ရတဲ့
ဘဝကိုပျော်သည်။တသားထဲပဲ...။
ဘယ်နေရာမှာမဆို သူတို့၂ယောက်
တစ်ပုံစံထဲ တညီတညွတ်ထဲ
ဖြစ်ရတာကို အမိုက်ဆုံးဟု TaeHyungက
သတ်မှတ်ခဲ့သည်။

ကားမောင်းသူကိုစိတ်တိုင်းမကျ၍
စူစူပုတ်ပုတ်ပြောဆိုနေသောTaeHyungသည်
Driver မျက်နှာကိုမကြည့်ချင်တော့၍မျက်နှာကို
ဘေးဘက်သို့လှည့်ကာလက်ပိုက်လျှက်
ဆက်လိုက်လာသည်။

Parkအိမ်တော်နားအရောက်တစ်နေရာတွင်
လှစ်ခနဲတွေ့လိုက်ရသောမြင်ကွင်းတစ်ခု။

JeonJungKook။

သေချာပေါက်ခိုးထွက်နေတာသေချာသော
ခိုးကြောင်ခိုးဝှက်ပုံစံဖြင့်။Parkအိမ်တော်
ဘေးလမ်းကြားလိုနေရာတွင်မသင်္ကာစရာ
ဟန်ပန်အပြည့်ဖြင့်ဘေးနားတွင်
သူစိမ်းတစ်ယောက်ရှိနေပြီးထိုသူစိမ်း၏
လက်ကိုJungkookကတင်းတင်းကျပ်ကျပ်
ဆုပ်ကိုင်ထားသည်။

ခိုးထွက်နေတာမလို့Jimin သိမယ့်ပုံမပေါ်
ပါ။မိသားစုကိစ္စကြောင့်အိမ်မှာမနေချင်
တော့သည်အထိစိတ်ဖိစီးမှုတွေများနေခဲ့တာ
သူလိုလိုချင်ချင်ဖြင့်ဝယ်ထားရသောJungkook
မရှိတော့ပါက ဝေဒနာပိုတိုးသွားပါလိမ့်မည်။

"ကားရပ်....."

TaeHyung ၏အမိန့်ကြောင့်Driver က
ကားရပ်ကာTaeHyung ကိုလှည့်ကြည့်လာသည်။
ရှေ့ခန်းမှာထိုင်နေသောကိုယ်ရံတော်ကို
တစ်ချက်ကြည့်ကာ

NERVEUX WINEحيث تعيش القصص. اكتشف الآن