?Part1?

12.8K 2K 849
                                    

2023 January........။

"Jungkookအနေနဲ့ ဒီကောလဟာလတွေအတွက်
ပရိသတ်ကိုဘာများပြောချင်လဲမသိဘူးရှင်..."

"အနုပညာရှင်ရယ်လို့ဖြစ်လာရင်တော့
ဒီလိုအခြေအနေမျိုးတွေကအများစုရင်ဆိုင်ရတာပဲ
ကျွန်တော့်အနေနဲ့ဘာမှပြောစရာမရှိပါဘူး..."

"မကြာသေးခင်က ပြောပြခဲ့တဲ့Relationship
နဲ့ပတ်သတ်ပြီး အခြေအနေလေးကိုရော
ပြောပြလို့ရမလားရှင်..."

"အေးဆေးပါပဲ
အခြေအမြစ်မရှိတဲ့ Internetစာမျက်နှာပေါ်က
ဝေဖန်ခြင်းမှန်သမျှကိုတော့တစ်ခုချင်းလိုက်
တော့မဖြေနိုင်ပါဘူး..."

Camera မီးရောင်တွေသည်လိုတာထက်ပိုပြီး
လက်ရှိတောင်ကိုရီးယားရဲ့အအောင်မြင်ဆုံး
ဒိတ်ဒိတ်ကြဲမင်းသားတစ်ယောက်အပေါ်
လွှမ်းမိုးထားကြသည်။မင်းသားသည်ဒီညမှာ
လိုတာထက်ပိုခမ်းနားကြီးကျယ်နေကာတစ်ကိုယ်လုံး
အနက်ရောင်တွေမှိုင်းပြနေလျှက်။

ရုပ်ရှင်မင်းသားပီပီ အပြုံးတချို့ဖြင့်
မေးသမျှကိုစိတ်ရှည်လက်ရှည်ဖြေနေသော်
လည်းတစ်ချက်တစ်ချက်စူးရှသွားသော
မျက်ဝန်းတွေဟာဘေးကမန်နေဂျာဖြစ်သူ၏
လက်တွေရော ဒူးတွေရောကိုတုန်ရီလာစေသည်။

"ဒီသတင်းတွေကြောင့်ဇာတ်လမ်းတွဲတွေ
စာချူပ်ဖျက်တာမျိုး တခြားထိခိုက်နစ်နာ
သွားမှုတွေအပေါ်ရော မင်းသားအနေနဲ့ဘာပြောချင်လဲ"

မေးခွန်းသည်အချိုးမပြေလိုက်လေချင်း။
လောက၏အချိူးမပြေခြင်းတွေအားလုံး
သည်တစ်စုံတယောက်ဆီမှာပဲအပြည့်အဝရှိလိမ့်
မည်ဟုတွေးထင်ခဲ့တာ အကြွင်းအကျန်ရှိပါသေးလား။

"ရုပ်ရှင်မင်းသားတစ်ယောက်
ရုပ်ရှင်မရိုက်ရတော့ ဝမ်းနည်းရတာပေါ့ဗျာ
တကယ့်ရိုးရိုးရှင်းရှင်းကိစ္စပဲကို
ဒါပေမယ့် ကျွန်တော့်အနေနဲ့ကျွန်တော့်ကိုယ်ပိုင်
Entertainment ရှိတော့သိပ်တော့မသက်ရောက်
လှပါဘူး ဒုက္ခရောက်နေပြီလို့ဖြေချင်တာ
ခက်တာက ပိုနာမည်ကြီးလာနေတယ်
ဘယ်လိုလုပ်ရမလဲ...."

NERVEUX WINEWhere stories live. Discover now