Trying & Lying

377 68 5
                                    

"တို့ မင်းကိုချစ်တယ်"

*တီ တီ တီ တီ...

နားတွေက သိပ်အူတာပဲ။ ရှေ့မှာထိုင်နေတဲ့ အန်းကလည်း ခပ်ဝါးဝါး။ စားပွဲပေါ်တင်ထားတဲ့ ဂျန်းနီရဲ့လက်တွေကလည်း ခပ်ဝါးဝါး။

"မဂျန်းနီဂျိန်း မဂျန်းနီဂျိန်း! ရှင်အဆင်ပြေရဲ့လား"

"ဟင်.."

"ရှင်အဆင်ပြေရဲ့လားလို့"

"အင်း.. တို့ နည်းနည်း-"

မျက်စိတွေကိုစုံမှိတ်ရင်း ဖြေဆိုလိုက်ပေမယ့် ဝိတ်တာကောင်‌လေးလာချတဲ့ဟင်းပွဲတွေကြောင့် ဂျန်းနီစကားစပြတ်တောက်သွားသည်။

"အရင်စားလိုက်ပါအုန်း"

အန်းက ဂျန်းနီရှေ့က ဟင်းပွဲကိုမေးဆတ်ပြသည်။ နောက်တော့ ဖျော်ရည်ခွက်လာချတဲ့ဝိတ်တာကောင်လေးကို တခုခုထပ်မှာရင်းပြုံးပြပြန်သည်။ အရင်က အတူရှိခဲ့ဖူးသည့်အချိန်၌ များစွာသောသူ့အပြုံးတွေကိုမြင်ခဲ့ရသော်လည်း သုံးလလောက်ဝေးကွာသွားပြီးတဲ့အခါမှာတော့ သူမအတွက်ပျောက်ပျယ်သွားပြီဖြစ်တဲ့ အန်းရဲ့အပြုံးတွေကို ဂျန်းနီ မက်မက်မောမော တောင့်တမိတာကြောင့် အန်းအား အမှတ်တမဲ့လေး ငေးမောမိသည်။

"ကျွန်မကို အဲ့လိုလာမကြည့်နဲ့ မဂျန်းနီဂျိန်း"

"အို့ ဆောရီး။ မင်းရဲ့အပြုံးက တကယ်အသက်ဝင်လို့ပါ"

"လူမှုရေးအပြုံးတခုသက်သက်ပါပဲ"

"ဟမ်!"

ကြက်ဥအနှစ်တို့နှင့် တို့ထားသည့်ပေါင်မုန့်ကိုတစ်ကိုက်ကိုက်ပြီး တီးတိုးပြောလိုက်သည့်အန်းကြောင့် ဂျန်းနီစားလက်စတောင် တန့်သွားသည်။ သို့ပေမယ့် အန်းရဲ့စကားကို ဂျန်းနီသေချာမကြားလိုက်။

"ရော့"

ဂျန်းနီရှေ့တည့်တည့်လာချပေးသည့် ရေခွက်။ တနည်းအားဖြင့် အန်းက သူမှာထားတဲ့ရေကို မသောက်နှင့်သေးဘဲ ဂျန်းနီကိုအရင်တိုက်နေသည်။

"သောက်လိုက်! ရှင့်ကြည့်ရတာ သိပ်အဆင်မပြေသလိုပဲ"

"အာ ရ-"

"‌သောက်လိုက်ပါ ရေကအသန့်ရယ် ကျွန်မတောင်မသောက်ရသေးဘူး"

"မဟုတ်ဘူး။ တို့က အဲ့လိုသဘော-"

Dating With Fussy Jane Where stories live. Discover now