I stole my cousin's outfits

468 64 4
                                    

"ဟာ.. ဒါကြီးက အရင်တခေါက် ဝတ်တုန်းကလိုလည်း လှမနေဘူး။ ဒါကြီးက ရိုးလွန်းတယ်။ မကြိုက်ဘူး။ မကြိုက် မကြိုက် လုံးဝမကြိုက်.."

ဂျန်းနီတယောက်ကတော့ အဝတ်ဗီရိုအခန်းထဲက အဝတ်အစားတွေကို စိတ်ရှိလက်ရှိမွှေနှောက်နေပါပြီ။ အရင် ဗီရိုအပြည့်ကနေ အခုတော့ တစ်ကန့်စာလောက်သာကျန်သည်။ ကုတင်ပေါ်မှာဆို အဝတ်တွေဟာ တောင်ပုံယာပုံ။

"ဒါလေးနဲ့ လှလား.."

ဂျန်းနီက ဝဲကားနေသည့် ဂါဝန်တထည်ကိုထုတ်ပြသည်။

ဆူးလ်ဂီလည်း 'မနက်ခင်းမှာ ဂါဝန်ကြီးလွှားလွှားလွှားလွှားနဲ့ ဘယ်သွားချင်ပြန်ပြီတုန်း' ဆိုပြီး မေးလိုက်ချင်ပေမယ့် သူ့ရဲ့လက်ရှိအခြေအနေနဲ့ဆိုမဟန်ပါ။

"လှတယ်"

ဆူးလ်ဂီက မျက်လုံးမှိတ်ဖြေသည်။

"ဒါပေမယ့် ငါမကြိုက်ဘူး။ ဒါလေးနဲ့ ဒါလေးဆို လိုက်လား"

"လိုက်တယ်"

"ဟာ.. low waist Jean ပါဆို ခါးပေါ် ဗိုက်ပေါ် ချက်ပေါ်ချင်လို့ဝတ်တာကို တီရှပ်အပွကြီးနဲ့တွဲဝတ်စရာလား"

"နင့်ဟာနင်တွဲပြီးမေးလို့လည်း ဖြေရသေးတယ်။ သူများတွေလည်း အဲ့လိုဝတ်ကြတာပဲကို.."

"ဘယ်ရမလဲ.. သူတို့က သူတို့။ ငါက ငါ။ နှစ်ယောက်မရှိတဲ့ဂျန်းနီဂျိန်း"

ကုတင်ပေါ်မှာ တစတစ တောင်လိုပုံလာတဲ့အဝတ်ပုံကြောင့် နဂိုကုတင်ပေါ်ထိုင်နေရာကနေ ကုတင်‌ခြေရင်းရဲ့အောက်ကို ဂန်ဆူးလ်ဂီတို့ ဆင်းနေ,နေရပြီ။ မနက်ငါးနာရီကတည်းက ဆူးလ်ဂီကိုနှိုးပြီး ချော့တခါ ခြောက်တလှည့်နဲ့ ဂျန်းနီဂျိန်းတို့ တကိုယ်တော်ဖက်ရှင်ရှိုးပွဲကျင်းပနေခဲ့တာ။ ဆူးလ်ဂီဆို ခေါင်းနဲ့ကြမ်းပြင် မိတ်ဆက်တဲ့အထိ ငိုက်နေရပြီ။ တခါတခါဆို သူ့အဝတ်ပုံကြီးကိုကြည့်ပြီး အဲ့ထဲတိုးဝင်ပြီးတော့ကို ခွေခွေလေးအိပ်ပစ်လိုက်ချင်တော့တာ။

"ဟဲ့ ဆူးလ်ဂီ! ငါမေးနေတယ်လေ"

"အော်.."

မျက်လုံးပေါက်တောင် မမြင်ရတော့တဲ့ဆူးလ်ဂီကို ဂျန်းနီက အဝတ်တွေကိုင်ထားရင်းနဲ့ပဲ မေးသည်။ သူ့လက်ထဲမှာရှိနေတဲ့အဝတ်တွေထဲက ဘယ်တစ်စုံကိုမေးသလဲ ဆိုတာ ဆူးလ်ဂီမသိ။ သိတာဆိုလို့ သောက်ရမ်းအိပ်ချင်နေတယ် ဆိုသည်ပင်။

Dating With Fussy Jane Where stories live. Discover now