ဘယ်လိုလုပ်မလဲ။
ကိုယ်သဘောကျနေတဲ့လူတယောက်မှာ သူနဲ့သက်ဆိုင်တဲ့ အရေးပါတဲ့လူရှိနေတာ။
အန်းပြောခဲ့တဲ့ အနှောင်အသွားမလွတ်တဲ့စကားမျိုးက လူတိုင်းလူတိုင်း တဖက်သားကိုပြောလေ့ရှိတဲ့စကားမျိုးလား ဒါမှမဟုတ် အဲ့လိုစကားမျိုးက ဂျန်းနီအနေနဲ့စိမ်းသက်လွန်းနေတာပဲလား။ ဘယ်လိုပဲဖြစ်ဖြစ် ဇွတ်တရွတ်ဆန်ခဲ့တဲ့ကိုယ့်ကြောင့် အထင်လွဲစရာတွေဖြစ်ကုန်ပြီပဲ။
ဒါပေမယ့် သူကရော ဂျန်းနီကို ဘယ်လိုတောင်လုပ်ရက်ရတာလဲ။ စကားနှစ်ခွန်းတည်းပြောပြီး စိတ်ချလက်ချချန်ရစ်ခဲ့တာက သူ့အကျင့်ပဲလား။ လိုက်ပို့မယ်ပြောလိုက် ထားခဲ့လိုက်နဲ့ ဒီလိုပဲအပြောနဲ့အလုပ် ဆန့်ကျင်နေတာလား။
"ရို့စ်ဇန်းကူပါး"
လက်ခုပ်ထဲကမိုးရေစက်တွေကို ခပ်တွေတွေကလေးကြည့်ရင်း တကိုယ်တည်းရေရွတ်မိသည်။ ဒီလမ်းမထက်မှာ မိုးရေထဲလျှောက်သွားနေတာဆိုလို့ ဂျန်းနီတယောက်သာရှိသည်။ ညအိပ်ဝတ်စုံအညိုလေးဟာ အန်းရဲ့အရိပ်အာဝါသအောက်မှာရှိစဉ်က ဂျန်းနီကိုအနွေးဓာတ်လုံလောက်စွာပေးခဲ့ပေမယ့်လည်း အခုများတော့ အစိုဓာတ်နဲ့ချမ်းစိမ့်စိမ့်ဖြစ်နေခဲ့သည်။
အတွေးတွေထဲစီးမျှောနေခဲ့တဲ့ မိုးသည်းသည်းအောက်ကသူမက နှုတ်ခမ်းတွေပါတဆတ်ဆတ်တုန်သည်အထိ အအေးဒဏ်ခံနေရသော်လည်း အိမ်ဆီသို့ ခပ်ယဲ့ယဲ့ ခပ်ဖြေးဖြေးသာလျှောက်လှမ်းလာခဲ့၏။
ဂျန်းနီအိမ်ထဲသို့ဝင်သည့်အခါ ကိုယ်ပေါ်မှာကပ်ပါလာခဲ့သည့်မိုးရေတို့က ခုန်ပေါက်ပြေးဆင်းလာကြတော့ ဂျန်းနီသွားရာလမ်းတလျှောက် ကြမ်းပြင်ပေါ်မှာ ရေတွေကျန်နေခဲ့လေပြီ။
"အမ.."
ရေစက်လက်နဲ့သူမက မျက်လုံးပြူးမျက်ဆံပြူးဖြစ်နေတဲ့ဆူးလ်ဂီကို အဖက်မလုပ်အားဘဲ စာအုပ်စင်အနားကိုသာရောက်အောင်သွားလေသည်။ စင်ရဲ့ဘေးဘက်နံရံကိုအားပြုပြီး လက်နဲ့တွန်းတော့ ပေါ်လာသည့်လျှို့ဝှက်အခန်းတခု။
လျှို့ဝှက်အခန်းထဲဝယ် များစွာသော ဝိုင်စည်ပိုင်းတွေကို အစီအရီထား,ထားပြီး နှစ်ချို့ဝိုင်တွေ၊ နာမည်ကြီးတံဆိပ်ပါသည့် အရက်ပုလင်းတွေကိုတော့ ကျွန်းဗီရိုကြီးထဲမှာ စီရရီပြသထား၏။
YOU ARE READING
Dating With Fussy Jane
Fanfictionဖြစ်နိုင်လျှင် သူမအနားပဲကပ်တွယ်ချင်မိသည်။ ကိုယ်က သူ့ထက်အသက်ကြီးနေတာတောင် သူမအတွက်ဆို ကလေးတယောက်လို အောက်ကျို့ခံပြီး ကိုယ်ကိုယ်တိုင်ရဲ့အရာရာကိုပါ ပြောင်းလဲပေးလိုက်ချင်သည်။ 🥀🐛