Oh, what a Fox!

422 67 7
                                    

"ကျွန်တော်တို့ ဒီတခေါက်ပရောဂျက်မှာ ပိုပြီးအားထည့်ဖို့လိုမယ်ထင်တယ်။ အရောင်းအားလည်းအဆင်ပြေတယ် အလုပ်ရှင်လည်းသဘောကျတယ်ဆိုပေမယ့် ဒီတခေါက်က နောက်ဆုံးလိုဖြစ်သွားမှာစိုးတယ်ဗျ။ ကျွန်တော်တို့ရဲ့ကျွမ်းကျင်မှုကို ဒီလိုပရောဂျက်တွေကနေ အကဲဖြတ်ပြီးစီစစ်နေတာဆိုတော့ ကျွန်တော်တို့ပိုလုပ်ပြသင့်တယ်လို့ထင်တယ်။ ကိုယ်စီကိုယ်စီမှန်းထားတဲ့ရာထူးအတွက်လည်းပါတော့ နည်းနည်းလောဘကြီးမိတာပေါ့။ ကျွန်တော်ပြောတာဟုတ်တယ်မလား ရို့စ်..."

ရေဘူးတွေ၊ မုန့်ထုပ်လေးတွေနဲ့အတူ ဖိုင်တွဲတွေ၊ စာရွက်တွေ၊ လပ်တော့တွေ၊ ဖုန်းတွေတင်ထားတဲ့ ရှုပ်ပွနေတဲ့ သူမရှေ့က,စားပွဲကြီးကိုသာ အန်းတယောက်ငူငူကြီးကြည့်နေမိသည်။

"ရို့စ်.. ရို့စ်.. မစ္စရို့စ်"

စားပွဲကိုအသာပုတ်ကာ တရစပ်နာမည်ခေါ်လိုက်တဲ့ ချန်းကြောင့် အန်းရဲ့အာရုံတွေပြန်စုစည်းမိတော့သည်။ အခန်းတွင်းမှာရှိနေတဲ့ လုပ်ဖော်ကိုင်ဖက် အလုပ်သင်ဝန်ထမ်းတွေရဲ့အာရုံတွေဟာလည်း သူမဆီစုပြုံလာသည်။

"အဲ့တော့ ချန်း.."

အန်းကပြောမယ့်စကားကို ခေတ္တရပ်ထားလိုက်ပြီး စားပွဲကို လက်ချောင်းတွေဖြင့် တတောက်တောက်‌ခေါက်ကာ ပြောသင့်မပြောသင့်ချင့်ချိန်နေသည်။

"ငါတို့ရဲ့လုပ်လက်စပရောဂျက်ကို အသစ်ပြန်စစေချင်တာလား။ ငါတော့မထင်ဘူး။ ရာထူးကအဓိကဆိုတာထက် ငါတို့ရဲ့ကျွမ်းကျင်မှုနဲ့တန်းညှိနိုင်မယ့် level ကို အရင်သိဖို့လိုမယ်ထင်တယ်။ အလုပ်ကသင်ပြသွားမယ့်အတွေ့အကြုံကို ငါတို့လက်လွှတ်မခံသင့်ဘူး။ အချိန်တန်ရင် ကိုယ်မှန်းထားတဲ့ရာထူးကိုရောက်ကြမှာပဲ။ ငယ်တုန်းရွယ်တုန်းမှာ ဆုံးဖြတ်ထားတဲ့ရာထူးကိုယူပြီး အဲ့နယ်ပယ်မှာရှိနေတဲ့စီနီယာတွေ ငါတို့လိုဂျူနီယာတွေကိုပဲ ရွေးချယ်ပြီးပေးလိုက်မယ့် ကုမ္ပဏီရဲ့ဝန်ထုပ်ဝန်ပိုးတွေထက်စာရင် စိတ်လှုပ်ရှားမှုနဲ့အတူ ရသမျိုးစုံပါဝင်နေမယ့် စိန်ခေါ်မှုတွေအပြည့်ရှိတဲ့ ကျပမ်းနေရာကိုပဲပိုမျှော်လင့်တယ်။ ငါတို့မှာအရည်အချင်းရှိနေသရွေ့ ဘယ်အချိန်မဆို အမြင့်ကိုတက်လှမ်းနိုင်တယ်။ စဉ်းစားကြည့်ပါ"

Dating With Fussy Jane Where stories live. Discover now