Nothing wrong with Trying

373 72 5
                                    

ကမ္ဘာလောကကြီးက ရပ်တန့်သွားသလိုပဲ။ ဂျန်းနီရဲ့ရင်တွေ ဗလောင်ဆူနေပြီ။ ရှေ့မှာရပ်နေတဲ့ အန်းက မတွေ့ရတဲ့အတောအတွင်းမှာ အများကြီးပိုလှနေခဲ့ပါလား။

ခါတိုင်းလိုပါပဲ.. ရွှေရောင်ဆံနွယ်တွေကို ဖဲပွင့်‌ခေါင်းစည်းကြိုးလေးသုံးပြီး တစ်လွှာစည်းထားသည်။ အအေးကြောက်တဲ့အန်းက အပေါ်ထပ်အပါးလေးတစ်ထည်ကိုလည်း လွှားထားသေးရဲ့။ မိတ်ကပ်လိမ်းပုံပြောင်းထားတာကြောင့် အမြင်ဆန်းနေပေမယ့် သူ့ရဲ့ပင်ကိုအလှကိုတော့ မကျော်လွှားနိုင်တာမဆန်း။ တိမ်တိုက်သဏ္ဌာန်မျက်ဝန်းတွေနဲ့ စူးစူးရဲရဲကြည့်နေပုံကြောင့် ဂျန်းနီရင်ထဲ ငလျင်လှိုင်းတွေထလာရသည်။

"အန်း တို့ရှင်းပြ-"

အန်းသည် ဂျန်းနီကို ရှင်းပြခွင့်မပေးခဲ့ပါ။ ဂျန်းနီရဲ့ရင်ဘတ်ကိုတွန်းတိုက်ပြီး ဓာတ်လှေကားထဲကနေ ထွက်သွားခဲ့သည်။ ဂျန်းနီရဲ့ခြေလှမ်းတွေကလည်း နောက်ကောက်ကျကျန်မနေခဲ့ပါ။ သို့သော် မှီဖို့ရာတော့ ခဲယဉ်းလှသည်။ အန်းသည် ကမူးရှူးထိုးသွားနေသည့် လူတဦးပမာ တွေ့ကရာလူကို ပစ်တိုက်ပြီး ဂျန်းနီကိုရှောင်ဖယ်ဖို့ကြိုးစားနေသူတစ်ဦးဖြစ်သည်။

ကားပါကင်သို့ရောက်တော့ အရှိန်‌ခပ်နှေးနှေးဖြင့် ကားရှာနေတဲ့အန်းကို ဂျန်းနီ လက်ကောက်ဝတ်ကနေ ဆွဲလှည့်လိုက်သည်။ ကတိုက်ကရိုက်‌ဖြစ်သွားပေမယ့် အန်းက ကပိုကရိုလေးလှနေသည်က ရင်ခုန်ဖွယ်။

"အန်း တို့နဲ့ခဏလောက်စကားပြောရအောင်"

ပြောသာပြောလိုက်ရပေမယ့် အန်းဖက်က ဆိုလာမယ့် အမုန်းစကားတွေကို ဂျန်းနီမကြားချင်ပါ။ အန်းကပြန်လည်ဖြေဆိုခြင်းမရှိဘဲ ဂျန်းနီရဲ့ကြောင်မျက်ဝန်းတွေကိုပဲကြည့်နေခဲ့သည်။ အန်းရဲ့တိမ်တိုက်တွေထဲ အကြောင်းပြချက်တွေကို ရှာဖွေလိုက်၊ အန်းဘာကိုဆိုလိုချင်မှန်း အကဲခတ်လိုက်နဲ့ကိုက ဂျန်းနီအတွက် တမူထူးခြားတဲ့စိတ်လှုပ်ရှားမှုတခုပင်။

တဖြည်းဖြည်း အသက်မပါတော့တဲ့တိမ်တိုက်တွေကြောင့် နောက်မှသိလိုက်ရခြင်းက အန်းသည် ဂျန်းနီရဲ့မျက်ဝန်းတွေကို ကြည့်ချင်လို့ကြည့်နေခဲ့သည်မဟုတ်ဘဲ ဂျန်းနီနဲ့ပတ်သက်သမျှအရာရာဟာ သေဆုံးသွားပြီဖြစ်ကြောင်း နှုတ်မှမဖြေဘဲ မျက်ဝန်းတွေဖြင့် သက်သေပြလိုက်ခြင်းဖြစ်သည်။ ဂျန်းနီအတွက် ဘာခံစားချက်မှမရှိတော့သလိုမျိုး၊ ဘာပြောစကားမှမရှိတော့သလိုမျိုး အန်းဆီ၌ ဆိတ်သုဉ်းနေခဲ့လေပြီ။

Dating With Fussy Jane Onde histórias criam vida. Descubra agora