ထိုပညာကိုထုတ်သုံးဖို့ အကူပစ္စည်းတစ်ခုမှမရှိရင်တောင် အဆင်ပြေပါသေးသည်။

အဆင့်နိမ့်တစ္ဆေဟာ ဂုတ်ကနေဖမ်းဆီးခံလိုက်ရပြီး မြေပြင်ထက်သို့အရှိန်ပြင်းပြင်းဖြင့်ကိုင်ပေါက်ခံလိုက်ရသည်။

တစ္ဆေ : "....."

လူမှားရွေးမိသွားသည့် သနားစရာတစ္ဆေဟာ ဝိဥာဥ်တစ်ခုလုံးတစ်စစီခြေမွ ခံလိုက်ရ၏။ ရှောင်ကျန့် အိမ်ရှိရာဆီသို့အပြေးအလွှားသွားသည်။ သူအလိုရှိရာသို့ရောက်သည့်အခါတွင် အိမ်တစ်ခုလုံးကပြိုကျပျက်စီးနေပြီး ဘေးနားတွင် အမေကြီးနဲ့အားဘင်ရဲ့အသက်မဲ့နေသည့်အလောင်းက သူ့ကိုဆီးကြိုသည်။

ရှောင်ကျန့်ဟာ ကြက်သေသေသည့်မျက်လုံးတွေဖြင့် ကြောင်တောင်တောင်ရပ်ကြည့်နေမိသည်။ ဒီလူနှစ်ယောက်နဲ့အရမ်းကြီး ရင်းနှီးခဲ့ခြင်းမရှိသော်လည်းပဲ သူရခဲ့သည့်မှတ်ဥာဏ်တွေကအတုအယောင်တစ်ခုမှမပါပေ။

ခုနလေးတင် သူတို့နှစ်ယောက်ကိုကောင်းကောင်းမွန်မွန် ထားနိုင်ပြီလို့ထင်ခဲ့မိတာ။

ရှောင်ကျန့် ပါးပြင်ထက်သို့ မျက်ရည်တစ်ချို့လိမ့်ကျလာသည်။ သူ တကယ်အသုံးမကျတာပဲ။

သူ့နှလုံးသား စူးကနဲနာကျင်သွားတာကိုခံစားမိသည်။ သူ့ရဲ့အပြစ်ရှိစိတ်ကြီးကြီးမားမားနဲ့ မူလခန္ဓာကိုယ်ပိုင်ရှင်၏ စိတ်ခံစားချက်တွေမှာ ပေါင်းစည်းသွားခဲ့သည်။ တုန်ရီသည့်ခြေလှမ်းတွေဖြင့် အမေကြီးနဲ့အားဘင်တို့နှစ်ယောက်နားလျှောက်လာသည်။ သူတို့နှစ်ယောက်နဲ့မကြာသေးခင်ကမှ စကားပြောဖြစ်ခဲ့သေးသည်။

ရှောင်ကျန့်အနား ပြေးဝင်လာသည့်တစ္ဆေတစ်ချို့ဟာ တစ်စစီဖျက်စီးခံလိုက်ရသည်။ နောက်ဆုံး အမေကြီးကို ခပ်တင်းတင်းပွေ့ဖက်လိုက်ရင်း အားဘင်ကိုမျက်ရည်တွေကြားထဲကနေစိုက်ကြည့်လိုက်မိ၏။

သူဘယ်လောက်တောင်အသုံးမကျလိုက်လဲ။ ဒီလူနှစ်ယောက်ကို မကာကွယ်ပေးနိုင်ခဲ့ဘူး။ တစ်ရှုံ့ရှုံ့ငိုသံတွေကြားထဲတွင် သွေးစီးကြောင်းတွေဟာ နီရဲနေသည်။

"အိုး....လူသားတစ်ယောက်ပါလား"

ကြက်သီးထဖွယ်အေးတိအေးစက်အသံကြီးနဲ့အတူ ထူးဆန်းသည့် တစ္ဆေတစ်ကောင်က ရှောင်ကျန့်နားပေါ်ပေါက်လာသည်။ တစ်ရွာလုံးသေဆုံးသွားပြီးနောက်တွင် ရှောင်ကျန့်ကသာ တစ်ဦးတည်းသောအသက်ရှင်ကျန်ရစ်သူ လူသားတစ်ယောက်ဖြစ်တာကြောင့် တစ္ဆေကအံ့ဩနေသည့်ပုံရသည်။

system 091 Where stories live. Discover now