Arc(1.16) [Return]

Start from the beginning
                                    

"ဒီတော့....ငါတောင်းဆိုတဲ့ကိစ္စက မဖြစ်နိုင်ဘူးပေါ့...."

ရှောင်ကျန့်ရဲ့မျက်နှာလေးမှာအနည်းငယ်ညှိုးငယ်သွားသည်။ ထိုအခါတွင်အငြိမ်မနေနိုင်သည့်လူမှာ အုန်းသီးကိုယ်တိုင်ပင်ဖြစ်သည်။

အုန်းသီး : [အရမ်းဝမ်းမနည်းပါနဲ့ host ရဲ့....နည်းလမ်းတစ်ခုတော့ရှိပါတယ်....]

"တကယ်လား...."

ရှောင်ကျန့်ရဲ့မျက်လုံးလေးတွေမှာပြန်လည်တောက်ပလာသည်။

[ဖြစ်ပျက်ပြီးသား အရာတွေရဲ့နောက်ဆက်တွဲ အချိန်ဆီ ပို့ဆောင်ပေးလို့တော့ရတယ်.... မူရင်းခန္ဓာကိုယ်ကအကောင်းတိုင်းကျန်ရှိနေရင် အကောင်းဆုံးဆိုပေမယ့် အဆင်မပြေခဲ့ရင်တောင် ကျွန်တော် host အတွက် သေဆုံးခါနီးတဲ့ခန္ဓာကိုယ်တစ်ခုကို သက်သက်ရှာဖွေပေးပါ့မယ်....]

"ကောင်းလိုက်တာ....မင်းကအကောင်းဆုံးပဲ အုန်းသီး"

[ဟီး...ဟီး....]

အုန်းသီးဟာရှောင်ကျန့်ဆီကချီးကျူးစကားကြောင့် ကျေနပ်ပျော်ရွှင်စွာ သူ့အမွှေးဖွာဖွာလေးကိုခါရမ်းလိုက်သည်။

[host အတွက်ဆို ကျွန်တော် ဘာဖြစ်ဖြစ်ကြိုးစားပေးနိုင်ပါတယ်ဗျာ....ဟီး...]

ရှောင်ကျန့်က အုန်းသီးရဲ့အမွှေးဖွာဖွာခန္ဓာကိုယ်သေးသေးလေးကို ဆွဲယူ၍ အချိန်အတော်ကြာပွတ်သပ်ပေးလိုက်သည်။ သူဘယ်လောက်ပဲ ပြောဆိုနေပါစေ အုန်းသီးကသူ့အတွက်အကောင်းဆုံးနည်းလမ်းနဲ့ ဖြေရှင်းချက်တွေရှာပေးတတ်မှန်း သူသိပါသည်။ အမှန်တိုင်းပြောရရင် ဝမ်ရိပေါ်ပြီးရင် အုန်းသီးက သူ့အတွက်အရင်းနှီးဆုံးနဲ့ အကောင်းဆုံး သူငယ်ချင်းတစ်ယောက်ပင်။

[host ရဲ့ဒီတစ်ခေါက်ကမ္ဘာမှာ လုပ်ဆောင်ချက်တွေကအရမ်းကောင်းတယ်.....ဒါကြောင့် host ရဲ့ဆန္ဒကို ကျွန်တော်နဲ့ အဲ့ဒီကမ္ဘာကစည်းမျဥ်းတွေရဲ့ထောက်ခံချက်ကြောင့် ခွင့်ပြုပေးလိုက်နိုင်တာမမေ့ပါနဲ့....သိထားရမှာက host ပြန်သွားချင်နေတဲ့ကမ္ဘာက တောင်းဆိုချက်တစ်ခုဖြစ်တာကြောင့် points တစ်မှတ်မှ ရမှာမဟုတ်ဘူးနော်.....ပိုပြီးအရေးကြီးတာတစ်ခုက host points ဘယ်လောက်ပေးပေး ဘာပစ္စည်းမှ ဝယ်ယူနိုင်မှာမဟုတ်ဘူး....host လက်ခံနိုင်ရဲ့လား]

system 091 Where stories live. Discover now