(1) Unicode

5K 117 2
                                    

မိုးကုန် ဆောင်းရာသီသည် အလွန် အေးမြသည်။ မနက်ခင်း နေထွက်ချိန်ကအစ ည မိုးများချုပ်လွန်းသည့်အထိ ချမ်းအေးသည်။
Aircon , ပန်ကာ မလိုအပ်သော ထိုရာသီသည် လူသားများအတွက် မီတာခ သက်သာစေသည်။ ပိုက်ဆံထွက်မမြန်တော့ပေ။ မနက် မိုးလင်းချိန်သည် ပတ်ဝန်းကျင်တစ်ခုလုံး မြူများဖြင့် ဖုံးလွှမ်းနေလျက်ပေ။ ဈေးရောင်းသူများသည့် သူတို့၏ ဈေးရောင်းပစ္စည်းများနှင့်အတူ အနွေးထည်များဝတ်ဆင်လျက် ဈေးရောင်းဝယ်နေကြ၏။

အပြင်ဘက် ရာသီသည့် ဘယ်လောက်ပဲ အေးမြနေပါစေ သူ(မ)ကတော့ ချွေးသံများဖြင့် မောပန်းစွာ အလုပ်လုပ်နေရ၏။ တစ်ခါတစ်လေကျရင် သူ(မ) စိတ်လွတ်ကိုယ့်လွတ် နားပစ်ချင်သည်။ သို့သော် သူ(မ) နားလိုက်လျှင် သူ(မ) ရဲ့ စားဝတ်နေရေး ၊ အိမ်လခ ၊ မီတာခ ၊ ကျန်းမာရေး ‌ဒါတွေရှိသေးသည်။
သူ(မ) အလုပ်က နားလိုက်လျှင် သူ(မ)ကို မည်သူက လာထောက်ပံ့မည်လဲ။ အတွေးများချဲ့ထွင်ရမှ သူ(မ) မောပန်းစွာ သက်ပြင်းချမိသည်။ ထို့နောက် သူ(မ) ဆေးရမယ့် ပန်းကန် ဘက်ကိုကြည့်လိုက်တော့ ဇလုံ နှစ်ခုအပြည့်။ ထိုပန်းကန်များကိုကြည့်ပြီး သူ(မ)ရဲ့ လက်များ ထုံကျင်လာတာကိုသတိပြုမိသည်။ လက်များက လက်အိတ်မစွပ်ပဲ ဆေးနေရသောကြောင့် လက်များ နီရဲနေလေသည်။

"ရလား ကို နင်မနိုင်ရင် ငါကူဆေးပေးမယ်လေ"

"ရပါတယ် ခြယ် နင်အလုပ် နင်လုပ်ပါ မဟုတ်ရင် နင် အဆူခံရလိမ့်မယ်"

ကို ရဲ့ သူငယ်ချင်း ခြယ် က ကူညီပေးရမလား ဟု လာမေး‌သော်လည်း သူ(မ)ငြင်းလိုက်သည်။ သူ(မ)ကြောင့် ခြယ် အဆူခံရမည်ကို သူ(မ) မလိုလားပေ။

သူ(မ) အလုပ်က ပန်းကန်ဆေးရတဲ့အလုပ်ဖြစ်ပြီး ခြယ်ရဲ့ အလုပ်က ဆေးပြီးသား ပန်းကန်တွေကို ခြောက်နေအောင် သုတ်ရတာဖြစ်သည်။ ခြယ်ရဲ့အလုပ်ကို သူ(မ)က ဝင်ကူညီပေးသည့်ဖြစ်စေ ၊ သူ(မ)ရဲ့ အလုပ်ကို ခြယ်က ဝင်ကူညီပေးသည့် ဖြစ်စေ ၊ ကူညီပေးတဲ့သူရော ၊ အကူညီပေးတာ ငြိမ်ခံနေတဲ့သူရော နှစ်ယောက်လုံးအဆူခံထိပြီး ပေးရသော လစာ ဖြတ်ခံရသည်။ သူ(မ) တို့ လုပ်ရသော ဆိုင်မှာ စည်းကမ်းချက်တွေရှိသည်။ ထိုစည်းကမ်းချက်တွေထဲမှ ‌တစ်ခုက

နှလုံးသားထက်မှ ပွင့်သော အချစ်ပန်း (Completed)Where stories live. Discover now