Part(34)(U+Z)

2.7K 117 2
                                    

Unicode

"ဟုတ်​ကဲ့။ကျ​တော်​သ​ဘောတူပါတယ်​အန်​တီ"

အန်​တီ၏​တောင်းဆိုချက်​ကို သာလွန်​ခ သ​ဘောတူ
လိုက်​သည်​။မ​နေ့က လူနာ​မေးသွားရင်း​တွေ့ခဲ့သည့်​
​ရွှေရစ်​၏သူငယ်​ချင်းမှ သာလွန်​ခကို guideပြရန်​
အန်​တီမှတစ်​ဆင့်​တောင်းဆိုခဲ့သည်​။အလုပ်​မရှိဘဲ
​ရွှေရစ်​တို့မိသားစုကို မှီခို​နေရသည်​ကိုလည်း သာလွန်​ခ
အားနာစိတ်​ဖြစ်​သည်​။

မိမိအလုပ်​ထွက်​လုပ်​မည်​ဆိုလျှင်​လည်း​ရွှေရစ်​အ​နေဖြင့်​
တားမည်​မှာ​သေချာသည်​။တဖြည်းဖြည်းချင်း​ရွှေရစ်​ကို
​ဖျောင်းဖျပြီးကာမှ ကိုယ်​ပိုင်​အလုပ်​တစ်​ခုခု လုပ်​ဖို့
ဆုံးဖြတ်​ရမည်​။ခုချိန်​တွင်​တော့ ပိုင့်​ကို guideသင်​ပေး
မည့်​အ​ကြောင်းကိုပင်​နားဝင်​အောင်​ပြောရ​ပေဦးမည်​။

"လွန်​ခ....
ကျ​တော်​လိုက်​ရှာ​နေတာ"

​အ​တွေးမဆုံးခင်​ပင်​ရွှေရစ်​ရောက်​လာသည်​။

"​မေ​မေ စကား​ပြောချင်​တာနဲ့ သာလွန့်​ကို
​ခေါ်လိုက်​တာ ဒါနဲ့ သားရယ်​
သာလွန့်​ကို ကိုယ်​ပိုင်​အချိန်​လေး​ကော
​ပေးပါအုံးလားကွယ်​"

​မေ​မေ​ပြောသည်​ကို​ရွှေရစ်​နားမလည်​ဟန်​ဆောင်​ကာ
လွန်​ခအနားတိုးထိုင်​လိုက်​သည်​။

"​မေ​မေကလည်း လွန်​ခရဲ့ကိုယ်​ပိုင်​အချိန်​က သား​လေ။
ဟီး... ဟုတ်​တယ်​မလား လွန်​ခ"

မိမိပုခုံးကို မှီကာ ချစ်​စရာ​ကောင်း​အောင်​ပြုံးပြ​နေသည့်​
​ကောင်​ငယ်​လေး၏စကားကို သာလွန်​ခ မငြင်းရက်​ပါ။

"ဟုတ်​ကဲ့ဗျ"

"ဟီး...."

"အဟွန်း.....​ရှေ့မှာ မ​အေရှိ​သေးတယ်​နော်​ဟင်း ဟင်း"

​မေ​မေ စ​နောက်​လိုက်​တော့ လွန်​ခဟာ ရှက်​သွားပုံရ
သည်​။​ခေါင်းမ​ဖော်​ဘဲ ငုံကာ ပြုံး​နေသည်​လေ။ဤသည်​
ကို မျက်​တောင်​မခတ်​ကြည့်​နေသူမှာ​တော့​ရွှေရစ်​ပင်​။
​ကြိုက်​မရှက်​ငိုက်​မရှက်​ဆိုသည့်​နှယ်​ရွှေရစ်​မှာလည်း
လွန်​ခကို ရုပ်​ကောနာမ်​ကော ကြိုက်​လွန်းသည်​မို့
မရှက်​နိုင်​ပါ။

love me little,love me long(Complete)Where stories live. Discover now