Part(31)(U+Z)

3.1K 143 9
                                    


Unicode

​ရွှေရစ်​တို့အိမ်​လေး၏ ထမင်းစားဝိုင်း​လေးသည်​
လူစုံလို့​နေသည်​။ထို့အပြင်​တိတ်​ဆိတ်​လှသည့်​
ထမင်းစားဝိုင်း​လေးဖြစ်​သည်​။ယခင်​နေ့က ကိစ္စနှင့်​
ပတ်​သတ်​၍​ဖေ​ဖေသည်​ရွှေရစ်​တို့ကို စကားမ​ပြော​ပေ။

"သာလွန်​....
သားလည်း ထည့်​စား​လေကွယ်​"

​ဒေါ်​ဆောင်းရစ်​ငွေ့ မ​နေနိုင်​စွာ ဝင်​ပြောမိခြင်းပင်​။
မိမိမျက်​စိ​ရှေ့တွင်​သားငယ်​လေးပန်းကန်​ထဲသို့
ဟင်းမပျက်​ရ​လေ​အောင်​သားငယ်​လေးအကြိုက်​ဟင်း
များကို ထည့်​ပေး​နေသည့်​သာလွန်​မှာ ထမင်းတစိုးတစိ
မျှ  မစား​သေး။မိမိတို့​ရှေ့ဖြစ်​သည်​မို့ ဂရုစိုက်​ပြ​နေခြင်း
မျိုးမဟုတ်​ဘဲ လုပ်​ဆောင်​နေကျ အကျင့်​တစ်​ခုသဖွယ်​
ဂရုစိုက်​ပေး​နေသည်​။

သာလွန်​ခအတွက်​တော့​ရွှေရစ်​ကို ဟင်းထည့်​ပေးတတ်​
သည်​မှာ အကျင့်​ဖြစ်​နေသည်​။ဒီလိုပါပဲ။အချစ်​ခံရသူက
ကိုယ်​ဖြစ်​ပေမဲ့ ဂရုစိုက်​ပေးရသူမှာလည်း ကိုယ်​ဖြစ်​
သည်​။

​မိခင်​၏ အ​ပြော​ကြောင့်​ပီတိဖြာကာ
ကြိတ်​ပျော်​နေသည့်​ကောင်​ငယ်​လေး၏အပြုံးကို
သာလွန်​မြင်​ဖြစ်​အောင်​မြင်​လိုက်​ပါသည်​။ချစ်​ရသည့်​
​ကောင်​ငယ်​လေး၏ အလိုက်​မသိတတ်​ခြင်းမှာလည်း
ချစ်​စရာ​ကောင်း​နေရပြန်​သည်​။

"သား.......
သာလွန်​လေး စားပါ​စေကွယ်​"

"ဟုတ်​"

မိခင်​၏စကား​ကြောင့်​ရွှေရစ်​၏မျက်​နာဟာ ချက်​ချင်းဆို
သလို စူပုတ်​သွားပြန်​သည်​။သာလွန်​ပြုံးကာကြည့်​
မိ​တော့.......

"စား​လေ..."

ဒါဟာ မကြည်​စွာ​ပြောသည့်​စကားပင်​။
သာလွန်​ငုံ့ကာသာ စား​နေလိုက်​သည်​။

"​မေ​မေ"

"​ပြော​လေ သား"

"​မေ​မေချက်​တဲ့ဟင်းရွက်​ကြော်​က စား​ကောင်းလိုက်​တာ
သားဖြင့်​စား​ကောင်း​ကောင်းနဲ့စားလိုက်​တာ
ထည့်​ထားသမျှ ကုန်​ရော ဟီး"

သာလွန့်​ကို သွယ်​ဝိုက်​နည်းဖြင့်​ဟင်းထည့်​ပေးရန်​
​ပြောလာသည့်​ရွှေရစ်​ရယ်​ပါ။သာလွန်​မသိဟန်​ဆောင်​
ကာ ထမင်းဆက်​စား​နေလိုက်​သည်​။သာလွန်​မသိမသာ
ဖြင့်​ရွှေရစ်​ကို မျက်​လုံး​စောင်းငဲ့ကြည့်​လိုက်​ရာ.......

love me little,love me long(Complete)Where stories live. Discover now