Part(11)(U+Z)

3.5K 182 3
                                    

Unicode

မနက်​ခင်း​လေးဟာ သာသာယာယာ အစပြု​လေသည်​။
သာလွန်​ခတို့အိမ်​လေးသည်​ကော သာယာ​နေပါ့မလား။

သာလွန်​ခ မနက်​စော​စောထကာ​ရွှေရစ်​စား​နေကျအတိုင်း
ထမင်းဆီဆမ်းနှင့်​သေ​သေချာချာမီးဖုတ်​ထားသည့်​
ဆိတ်​သား​ခြောက်​မွှာမွှာ​လေးကို ဆီဆားလူးကာ ပြင်​
လိုက်​သည်​။

​ရွှေရစ်​ဟာ​အပြင်​ပန်းသဏ္ဏာန်​အရ ကိန်းကြီးခမ်းကြီး
နိုင်​သော်​လည်း အ​စားအ​သောက်​တွင်​တော့
မြန်​မာထမင်းဟင်းများကို နှစ်​သက်​သည်​။ဟင်းဂျီးများ
သည်​ဆို​သော်​လည်း ဟင်းရည်​သောက်​မပါလျှင်​
မစားတတ်​သည်​တို့ အနှစ်​မပါလျှင်​မစားတတ်​သည်​တို့
​တော့ မဟုတ်​ပေ။သူနှစ်​သက်​သည့်​ဟင်းတစ်​ခွက်​ဖြင့်​
​ခြောက်​ခြောက်​ကပ်​ကပ်​စားတတ်​သူ ဖြစ်​သည်​။

"ဒီ​နေ့လည်း ထမင်းဆီဆမ်းပဲလားဗျ ကိုသာလွန်​ခ"

"ငါ့ညီတို့​တောင်​နိုးလာပြီလား"

"ဟုတ်​ကဲ့ဗျ"

"ကိုယ်​မနက်​စာ ပြင်​ပေးထားတယ်​
မင်းတို့သူငယ်​ချင်း​ကော မနိုးခဲ့ကြဘူးလား"

"​ရွှေရစ်​နောင်​လား
မ​ပြောချင်​ပါဘူး ကိုသာလွန်​ခရာ
အဲ့​ကောင်​က မနက်​ဆို နှိုးရခက်​တယ်​ဗျ
ခုလည်း ကျ​တော်​ဝင်​နိုးတာ
​အော်​လွှတ်​လိုက်​တယ်​"

​ဝေယံ အမှန်​ပင်​ရွှေရစ်​နောင်​အော်​တာ ခံခဲ့ရခြင်းပင်​။

"​အော်​ခံရမှာ​ပေါ့ မင်းက ရှည်​တာကိုး
သူက မင်းလာနှိုးတာခံချင်​တာမှ မဟုတ်​တာ"

"ဟမ်​....
​အော်​........"

​ဝေယံ ခွန်းသစကားကို အ​တော်​စဉ်းစားယူရသည်​။
ဤသို့ ဒုန်း​ဝေး​သော​ကြောင့်​လည်း​ဝေယံတစ်​ယောက်​
ခုထိ singleဖြစ်​နေရခြင်း ဖြစ်​သည်​။

"ဒါနဲ့ ကိုသာလွန်​ခက သွားမနှိုးဘူးလား"

"​ရွှေရစ်​က ကိုယ့်​ကို စိတ်​ဆိုး​နေတယ်​ထင်​တယ်​"

"ဟုတ်​လားဗျ
ကိုသာလွန်​ခလည်း​ရွှေရစ်​နောင်​ဆိုးသမျှ
သည်းခံရမှာပဲ​နော်​"

love me little,love me long(Complete)Where stories live. Discover now