Part(33)(U+Z)

3.1K 138 2
                                    

Unicode

"မရဘူးဗျာ"

အိပ်​ယာ​ပေါ်တွင်​အဝတ်​အစားဗလာဖြင့်​ဂျစ်​တိုက်​နေ
သည့်​ရွှေရစ်​ကြောင့်​သာလွန်​ခအင်္ကျီအမြန်​ဝတ်​ကာ
ထို​ကောင်​လေးအနီး တိုးဝင်​ထိုင်​လိုက်​သည်​။
ဂျီိအိုး​လေး၏မျက်​နာကို သာလွန်​ခ အနီးကပ်​ကြည့်​
​နေလိုက်​တော့ မျက်​ရည်​များပိုးပိုး​ပေါက်​ပေါက်​ကျ
လာ​ပြန်​သည်​မို့.....

"ဘာလို့ ငိုပြန်​တာလဲ​ရွှေရစ်​ရာ
ခုနက ငိုထားလို့ မျက်​လုံး​တွေက
မို့အစ်​နေပြီ​လေ"

"အဒါက နာလို့ ငိုတာ​လေ ခင်​ဗျားရဲ့"

"အင်း​လေ ဒါ့​ကြောင့်​ကိုယ်​တို့ နားကြစို့​လေ
​နော်​...​ရွှေရစ်​
လာ ကိုယ်​အင်္ကျီပြန်​ဝတ်​ပေးမယ်​"

"မဝတ်​ဘူးဗျာ "

အချိန်​အ​တော်​ကြာ ချစ်​တင်း​နှောခဲ့ပြီးသည်​ကို
မရပ်​ချင်​သေးသည်​မို့ အဝတ်​အစားပင်​မဝတ်​သေး
သည့်​ရွှေရစ်​ရယ်​ပါ။

"​ရွှေရစ်​"

"ဘာလဲ
ခင်​ဗျားက မ​နေချင်​ဘူး​ပေါ့
ကျ​တော်​တောင်​အနာခံ​သေးတာ
ခင်​ဗျားက ဦး​ဆောင်​ရုံပဲ​လေ"

"ကိုယ်​မင်း နာကျင်​တာကို အကြာကြီး
မကြည့်​ချင်​ဘူး​လေကွာ"

"နာတာက ခဏပါ ခင်​ဗျားရဲ့
ပြီးရင်​နေလို့​ကောင်းသွားတာပဲကို"

"​ရွှေရစ်​......
သိပ်​မ​မှောင်​နဲ့ကွာ"

"ဘာဖြစ်​လဲဗျာ"

​ပြောမရသည့်​ကောင်​လေးဟာ ပစ်​ထားလိုက်​မှ
​တော်​ကာကျမည်​။သာလွန်​ခ လက်​ထဲကိုင်​ထား
သည့်​အကျင်္ီ​လေးကို​ရွှေရစ်​ခေါင်းမှ စွပ်​လိုက်​ကာ
အိပ်​ယာမှ ထရပ်​လိုက်​သည်​။မိမိကို မ​ကျေနပ်​သည့်​
မျက်​ဝန်းဖြင့်​စူးရှစွာကြည့်​နေသည့်​ရွှေရစ်​။

"အရမ်းမဆိုးနဲ့​ရွှေရစ်​ရာ
ကိုယ့်​ကို 'ခင်​ဗျား' 'ခင်​ဗျား'နဲ့​ခေါ်တာ
ကိုယ်​မကြိုက်​ဘူး​နော်​"

သာလွန်​ခ အခန်းပြင်​ထွက်​ရန်​ပြင်​တော့ လက်​ကိုလှမ်း
ဆွဲလာသည့်​ရွှေရစ်​ကြောင့်​သာလွန့်​မျက်​နာထက်​မှ
အပြုံးတစ်​ပွင့်​မှာ အထင်​သား။

love me little,love me long(Complete)Where stories live. Discover now