Part(6)(U+Z)

3.6K 201 6
                                    

Unicode

"သား ဧည့်​ခန်းမှာ ထိုင်​အုံး​နော်​
အန်​တီ​ကော်​ဖီ​လေး​ပျော်​ခဲ့အုံးမယ်​"

"ဟုတ်​ကဲ့ဗျ"

​ရွှေရစ်​နောင်​ကော်​ဖီမကြိုက်​သော်​လည်း မငြင်း​တော့ဘဲ
​ခေါင်းငြိမ့်​လိုက်​သည်​။​ဒေါ်ခင်​ခခ ထမင်းစားခန်းထဲသို့
ဝင်​သွားသည်​နှင့်​ရွှေရစ်​နောင်​ထိုင်​နေရာမှထကာ
ဧည့်​ခန်းတွင်​ချိတ်​ဆွဲထား​သော ဓာတ်​ပုံများကို လိုက်​လံ
ကြည့်​ရှုလိုက်​သည်​။

သို့​ပေမဲ့​ဓာတ်​ပုံများစွာ စီတန်းချိတ်​ထား​သော်​လည်း
​ရွှေရစ်​နောင်​အဖို့ ကြည့်​ရသည်​မှာ ငြီး​ငွေ့လာသည်​။
အဘယ့်​ကြောင့်​ဆို မှန်​ဘောင်​များနှင့်​နောက်​ခံအ​ရောင်​၊
အဝတ်​အစားများ​ပြောင်းလဲသွား​သော်​လည်း
လူပုဂ္ဂိုလ်​မှာ တစ်​ဦးတည်းဖြစ်​နေ​သော​ကြောင့်​ပင်​။

​ရွှေ​ရောင်​မျက်​မှန်​ကိုင်း​လေးနှင့်​ထိုလူ၏ မျက်​နှာထားမှာ
မာန်​မာနအပြည့်​ဖြင့်​။မျက်​ခုံးထူထပ်​စွာ မဲနက်​နေ​သော
မျက်​တောင်​ရှည်​ရှည်​များကို ပိုင်​ဆိုင်​ထား​သော ထိုလူ
၏ မျက်​ဝန်းများမှာ​ကြောက်​ရွံ့မှုတစိုးတစ်​စိမျှ မ​တွေ့ရ။

မပြုံးမရယ်​ဖြင့်​တည်​ငြိမ်​စွာ ရိုက်​ထား​သော ဓာတ်​ပုံထဲမှ
သာလွန်​ခသည်​သူ၏ နှုတ်​ခမ်းများကို​ကော့ညွှတ်​စွာ
ပြုံးခဲ့လျှင်​အလွန်​ဆွဲ​ဆောင်​မျှ ရှိမည်​ပင်​။

"ဘာလဲ လင်​ကို အိမ်​မှာကြည့်​ရတာ မဝဘူးလား"

​ရွှေရစ်​နောင်​ဓာတ်​ပုံကို အာရုံ​ရောက်​နေစဉ်​
မိမိ​နောက်​ကျောဘက်​ဆီမှ အသံကြားလိုက်​ရသည်​မို့
လှည့်​ကြည့်​လိုက်​သည်​။

"ဟမ်​"

ထိုအသံပိုင်​ရှင်​မှာ မကြာ​သေးမီက မိမိကို အ​ပေါ်ထက်​မှ​
လှမ်းကြည့်​နေသည့်​ထိုမိန်းက​လေး။

​ရွှေရစ်​နောင်​ဆီမှ အာ​မေဋိတ်​သံ ထွက်​လာသည်​မို့
ထိုမိန်းက​လေးဟာ​မိမိ​နောက်​မှ ဓာတ်​ပုံသို့
​မေး​ငေါ့ကာ ညွှန်​ပြ​လေသည်​။

love me little,love me long(Complete)حيث تعيش القصص. اكتشف الآن