Part(21)(U+Z)

3.2K 187 8
                                    

Unicode

"စုစု​ပေါင်းကျ​သင့်​ငွေ ၉သိန်း၎သောင်းပါခင်​ဗျ"

"ဒီမှာ ပိုက်​ဆံ"

Laptopဆိုင်​တစ်​ခုတွင်​ရွှေရစ်​ရောက်​ရှိ​နေခြင်းပင်​။
​သာလွန်​ခအတွက်​laptop​ကောင်း​ကောင်း​လေး
တစ်​လုံးဝယ်​ပေးချင်​နေသည်မှာ ကြာခဲ့ပြီ။

​ရွှေရစ်​အိမ်​ပြန်​ရောက်​ရောက်​ချင်း​အောက်​ထပ်​ရှိ
အခန်းငယ်​လေးသို့ သာလွန်​ခမမြင်​အောင်​မြန်​မြန်​သွက်​
သွက်​လျှောက်​လာလိုက်​သည်​။ဟာလာဟင်းလင်းဖြစ်​နေ
​သော စားပွဲ​လေး​ပေါ်သို့ အသစ်​စက်​စက်​laptop​လေး
ကို​ကျကျနနချလိုက်​သည်​။

'ဟီး ပြည့်​စုံသွားပြီ'

မိမိပြင်​ဆင်​ပေးထားသည်​ကို မိမိသ​ဘောကျကာ
​ရွှေရစ်​ပြုံး​နေမိသည်​။​ရွှေရစ်​သေ​သေချာချာကြည့်​မိ​နေ
တုန်း စားပွဲအံ​လေးမှာ အနည်းငယ်​ဟ​နေသည်​မို့
အံဆွဲ​လေးကို ဖွင့်​ကြည့်​လိုက်​သည်​။

ကတ်​ပြား​လေးများကို​တွေ့လိုက်​ရသည်​မို့​ကောက်​ယူ
ကြည့်​လိုက်​ရာ ကားလက်​မှတ်​တစ်​စုံနှင့်​ဘဏ်​ကတ်​
တစ်​ခုဖြစ်​သည်​။ဘဏ်​ကတ်​သည်​က သာလွန်​ခစု​ဆောင်း
ထားသည့်​ငွေများ ဖြစ်​လိမ့်​မည်​။ဒါဆို ကားလက်​မှတ်​သည်​
ဘာအတွက်​ဖြစ်​နိုင်​မည်​နည်း။

"​ရွှေရစ်​"

"အာ လန့်​တာဗျာ"

​ရွှေရစ်​စဉ်းစားခန်းဖွင့်​နေသည်​မို့ လွန်​ခ၏​ခေါ်သံမှာ
​ရွှေရစ်​ကို လန့်​သွား​စေသည်​။

"ကိုယ်​အသံ​ပေးတယ်​လေ
ဒါနဲ့ ကိုယ့်​အခန်းထဲ ဘာလုပ်​နေတာလဲ"

"ခင်​ဗျားတစ်​ယောက်​ထဲ အခန်းမဟုတ်​ပါဘူး
ခင်​ဗျားနဲ့ကျ​တော်​က လက်​ထပ်​ထားတာဆို​တော့
ကျ​တော်​လဲ ပိုင်​တယ်​"

"အဲ့ကတ်​တွေ​ကော​ရွှေရစ်​ပိုင်​တာပဲလား"

​ရွှေရစ်​လက်​ထဲမှ ကတ်​များကို​မေး​ငေါ့ပြလာသည်​မို့

"ဒီကတ်​တွေက ဟို.... ကျ​တော်​အံဆွဲပွင့်​နေတာ
​တွေ့လို့ အဲဒါ..."

love me little,love me long(Complete)Where stories live. Discover now