Part(1)(U+Z)

12.3K 352 7
                                    

Unicode

ဝုန်း!!

အသံလာရာသို့ လူအများ ဝိုင်းအုံကြည့်​လာကြသည်​။

ထိုလူများ​တွေ့ရမည်​က အလွှာ၉ထပ်​မှ ခုန်​ချလာ​သော
သာလွန်​ခကိုပင်​။

တီ!

တီ!

suicideလုပ်​ခဲ့​သော်​လည်း ကံ​ကောင်းစွာဖြင့်​
အိမ်​စီးကား​လေး​ပေါ်သို့ သာလွန်​ခ ပြုတ်​ကျခဲ့ခြင်းပင်​။
ထိုကား​လေးစီမှ အချက်​ပေးသံများ တတီတီကြား​နေရ၍
သာလွန်​ခ လဲ​လျောင်း​နေ​သော ကားအမိုး​လေးသည်​တော့
အ​ကောင်းပကတိ မရှိ​တော့။

ဝိုင်းအုံကြည့်​နေကြ​သော လူအများ၏ စကားသံကို
သာလွန်​ခ ကြား​နေရ​သော်​လည်း မိမိခန္ဓာကိုယ်​မှာ လှုပ်​၍
မရ​တော့။

မျက်​ဝန်းများမှတစ်​ဆင့်​နားထင်​ပေါ် စီးကျလာ​သော
မျက်​ရည်​စက်​က​လေးသာ............

***************************

"​မ​ကျေနပ်​ဘူးလား​ရွှေရစ်​နောင်​"

ဖခင်​ဖြစ်​သူ ဦးဇွဲ​နောင်​၏ စကား​ကြောင့်​ရွှေရစ်​နောင်​
ရယ်​လိုက်​မိသည်​။

"ဟက်​ကျေနပ်​ပါတယ်​"

"​အေး မ​ကျေနပ်​ရင်​လည်း ငါက အ​မွေဖြတ်​စွန့်​လွှတ်​ဖို့
အသင့်​ပဲ"

​ပြောကာ ဆိုဖာ​ပေါ်မှ ထသွား​သော ဖခင်​ကို ကြည့်​၍
​ရွှေရစ်​နောင်​အံကြိတ်​ထားမိသည်​။

​ရွှေရစ်​၏ ဖခင်​ဦးဇွဲ​နောင်​ဟာ စီးပွား​ရေးသမားတစ်​ဦးပင်​။
ဒါ့​ကြောင်​လဲ​မေ​မေ့ကို မချစ်​ဘဲ လက်​ထပ်​ခဲ့သည်​လေ။
ခု​တော့ မယားငယ်​ထား​နေသည်​ပေါ့။​ထိုသည်​က
အ​ကြောင်းမဟုတ်​။မယားငယ်​၏ သား​ပေါ်လာခြင်း​ကြောင့်​
အ​မွေလုရန်​ဖြစ်​လာသည်​က ပြသနာပင်​။

​ကနဦးပိုင်းတွင်​ဖေ​ဖေဟာ​ရွှေရစ်​နောင်​ကို တစ်ဦးတည်း
​သော သားဖြစ်​သည်​မို့​အလွန်​အလိုလိုက်​ခဲ့သည်​။
​ရွှေရစ်​နောင်​ဆိုး​နေမိခြင်းမှာ​ဖေ​ဖေအလိုလိုက်​သည်​
​ကြောင့်​လဲ ပါခဲ့သည်​။

​ရွှေရစ်​ဟာ အသက်​၁၉နှစ်​မျှသာ ရှိ​သေး​သော​ကောင်​ငယ်​
​လေးပင်​။​ရွှေရစ်​နောင်​ကလပ်​တက်​၊အ​ပျော်​အပါးမက်​ခဲ့
​သော်​လည်း​ဖေ​ဖေ မတားမြစ်​ခဲ့။သို့​ပေမဲ့​ဖေ​ဖေ မကြိုက်​ခဲ့
သည်​ကို​ရွှေရစ်​နောင်​လုပ်​ခဲ့မိသည်​က ကလပ်​တစ်​ခုမှ
ခပ်​လန်းလန်း Djမမတစ်​ဦးနှင့်​တွဲခဲ့သည့်​အချိန်​မှ ဖြစ်​
သည်​။မမနန်းဟာ အရမ်းထက်​မြက်​သလို အရမ်းလဲ
ဆွဲ​ဆောင်​မှုရှိသည်​မို့​ရွှေရစ်​နောင်​မမနန်းအနားမှ ရုန်းမ
ထွက်​နိုင်​ဖြစ်​ခဲ့သည်​။

love me little,love me long(Complete)Where stories live. Discover now