Part(19)(Unicode+Zawgyi)

3.2K 169 8
                                    

Unicode

"ကိုကိုကြီး ကြက်​သားထည့်​အုံး​လေ"

မိမိပန်းကန်​ထဲသို့ ကြက်​သားတစ်​ချို့ထည့်​ပေးလာ​သော
လွန်းလွန်​ခ။မိမိအနားတိုးလာ​တော့ ရလိုက်​သည့်​
​ဆေးလိပ်​နံ့အနည်းငယ်​။

"​ဆေးလိပ်​မဖြတ်​သေးဘူးလား လွန်းလွန်​"

သာလွန်​ခ၏စကားသည်​လွန်းလွန်​ခအပါအဝင်​
ဦးမြတ်​သာလွန်​နှင့်​ဒေါ်ခင်​ခင်​ခ၏ ဇွန်းကိုင်​ထား​သော
လက်​များကို ရပ်​တန့်​သွား​စေသည်​။

"လွန်းလွန်​ဖြတ်​ဖို့ ကြိုးစား​နေပါတယ်​ကိုကြီး"

"သားရယ်​မင်းညီမ​လေးလည်း လိမ်​မာ​နေပါပြီ
​မေ​မေတို့ စားစရာရှိတာ စားကြတာ​ပေါ့
စကား​နောက်​မှ​ပြောလည်း ရတာပဲကို"

​မေ​မေသည်​ညီမ​လေး​ဆေးလိပ်​စွဲရခြင်း၏ အဓိက
တရားခံပင်​။​မေ​မေသည်​အသိုင်းအဝိုင်းကြီးထဲတွင်​
​မွေးဖွားလာသူဖြစ်​၍ အသုံးအစွဲကြီးသည်​။အ​ပျော်​အပါး
မက်​သည်​။သာလွန်​ငယ်​စဉ်​ကတည်း အိမ်​တွင်​ဖဲဝိုင်းမ
ဖြစ်​သည့်​ရက်​ဟူ၍ မ​တွေ့ဖူး။

​ဖေ​ဖေနှင့်​မေ​မေဟာ သာလွန့်​ကို ဖိခဲ့သ​လောက်​
ညီမ​လေးကို​မြှောက်​စားခဲ့သည်​။ညီမ​လေးစိတ်​ကစား
တတ်​သည့်​အရွယ်​ရောက်​တော့ ဖဲလာကစားတတ်​သည့်​
​မေ​မေ့အသိတစ်​ဦး၏သားနှင့်​ချစ်​ကြိုက်​ခဲ့သည်​။

ဆယ်​ကျော်​သက်​အရွယ်​မို့ အချစ်​ကို ကမ္ဘာကြီးထင်​မှတ်​ခဲ့
သည့်​လွန်းလွန်​ဟာ ချစ်​သူ​ကောင်​လေးနှင့်​အတူ
မူးယစ်​သောက်​စားတတ်​လာသည်​။​မေ​မေတို့သည်​တော့
လူငယ်​သဘာဝ လွတ်​လွတ်​လပ်​လပ်​နေတတ်​သည့်​
ခ​လေးများဟု​တွေးကာ လွှတ်​ပေးထားခဲ့သည်​။

သို့​ပေမဲ့ မူးယစ်​ဆေးဝါးတစ်​မျိုးဖြစ်​သည့်​ဘိန်းကိုပါ
နှစ်​ဦးသား စွဲလမ်းလာကြသည်​။သာလွန်​သိသည်​နှင့်​
​မေ​မေတို့ကို သတိ​ပေးခဲ့သည်​။ထို့​ကြောင့်​ဖေ​ဖေ၏
မိတ်​ဆွေဖြစ်​သည့်​ဦးဇွဲ​နောင်​၏သားနှင့်​လွန်းလွန်​ကို
အိပ်​ထောင်​ချ​ပေးရန်​စီစဉ်​ခဲ့သည်​။

love me little,love me long(Complete)Where stories live. Discover now