Part(22)(U+Z)

3.2K 177 7
                                    

Unicode

"အား ကျွတ်​ကျွတ်​"

မ​နေ့ညက ဝမ်း​လျှော​နေသည်​မို့ မိုးလင်းခါနီးမှ​ရွှေရစ်​
အိပ်​ရသည်​။ခုလည်း မနက်​အလင်း​ရောင်​ကြောင့်​
မျက်​လုံးများ ပွင့်​လာသည်​။​ရွှေရစ်​အိပ်​ရေးမဝ၍
​ခေါင်းအနည်းငယ်​မူး​နေသည်​။

အိပ်​၍လည်း မ​ပျော်​တော့သည်​မို့ လွန်​ခရှိ​လောက်​မည့်​
ထမင်းစားခန်းသို့ ဦးတည်​လာခဲ့သည်​။သို့​ပေမဲ့ မရှိခဲ့။
​အောက်​ထပ်​အခန်းတွင်​လည်း မရှိ။အိမ်​ပြင်​တွင်​လည်း
မ​တွေ့။​

"ထက်​ရှိုင်း"

"ထက်​ရှိုင်း"

"​ဗျာ အကို​လေး "

"လွန်​ခ​ရော"

"မနက်​တုန်းက​တော့​ကျောပိုးလွယ်​အိတ်​တစ်​လုံးနဲ့
ထွက်​သွား​တာ​တွေ့တယ်​အကို​လေး"

"ကျစ်​ဘာမှ​ပြောမသွားဘူးလား"

"​ပြောမသွားဘူးဗျ"

​ပြောရင်းဆိုရင်း​ရွှေရစ်​တစ်​စုံတစ်​ရာကို အ​တွေး​ရောက်​
သွားသည်​မို့ အိပ်​ခန်းဆီသို့ အ​ပြေးသွားလိုက်​သည်​။
အိပ်​ခန်း​ရောက်​သည်​နှင့်​ဗီရိုထဲတွင်​ရှိ​သော လွန်​ခအင်္ကျီ
များကို​သေချာကြည့်​မိ​တော့ ဝတ်​နေကျ အင်္ကျီတစ်​ချို့
နှင့်​ဘောင်းဘီရှည်​တစ်​ချို့​ပျောက်​နေသည်​။

"ဟင့်​အင်း မဖြစ်​နိုင်​လောက်​ပါဘူး"

တီ! တီ!! တီ!!!

​ခြံ​ရှေ့မှ ကားဟွန်းတီးသံဟာ​ရွှေရစ်​၏အ​တွေးကို
ရပ်​တန့်​သွား​စေသည်​။​ရွှေရစ်​အောက်​ထပ်​သို့ အမြန်​
ဆင်းကာ ခြံထဲဝင်​လာ​သော ကား​လေးဆီ ဦးတည်​
သွားလိုက်​သည်​။

"လွန်​ခ"

မဟုတ်​ခဲ့။လွန်​ခ မဟုတ်​ခဲ့။​ရွှေရစ်​၏အ​တွေးများ
ပြန်​လည်​ဝင်​ရောက်​လာ​စေသည်​။

ကား​လေး​ပေါ်မှ ဆင်းလာသည်​က ဦးမြတ်​သာလွန်​နှင့်​
​ဒေါ်ခင်​ခခပင်​။

"အန်​ကယ်​နဲ့ အန်​တီ"

"သား​လေး​ခုမှနိုးတာလား
သားအန်​ကယ်​အတွက်​ပြင်​ဦးလွင်​က​ဆေးဆရာဆီ
​ဆေးလာယူရင်း အန်​တီတို့ သားတို့ဆီ ဝင်​လာခဲ့တာ
သာလွန်​ရော နိုးပြီလား သား"

love me little,love me long(Complete)Where stories live. Discover now