Part(2)(U+Z)

4.8K 240 12
                                    

Unicode

ခမ်းနားလှ​သော နှစ်​ထပ်​တိုက်​ကြီးအတွင်းရှိ ဧည့်​ခန်းတွင်​
​တော့ နှစ်​ဖက်​မိဘစုံလင်​စွာ ရှိ​နေ​လေသည်​။သို့​ပေမဲ့
​ရွှေရစ်​နောင်​တို့ဆီသို့​ရောက်ရှိလာခဲ့သည်​က
သတို့သားမိဘများပင်​။သတို့သား မပါခဲ့​ပေ။

​နှစ်​ဖက်​မိဘများအလယ်​တွင်​ထိုင်​နေ​သော​ရွှေရစ်​နောင်​
မှာ​ဒေါသများကို ထိန်းရင်း လက်​သီးကျစ်​ကျစ်​ပါ​အောင်​ဆုပ်​ထား​လေသည်​။

"ကဲ ဒါဆို ဦး​ဇေ ပွဲစလိုက်​ကြရ​အောင်​လား"

"ဟုတ်​ကဲ့ဗျ"

ဦး​ဇေသည်​ဦးဇွဲ​နောင်​တို့ ကုမ္ပဏီ​ရေးရာအတွက်​ငှါးထား​သော​ရှေ့​နေတစ်​ဦးဖြစ်​သည်​။
ဦး​ဇေလက်​ထပ်​စာချုပ်​တစ်​စုံကို ထုတ်​လိုက်​ကာ
လက်​မှတ်​ပါပြီး​သော စာရွက်​လေးကိုဖယ်​ကာ
မပါ​သေး​သော စာရွက်​လေးအား​ရွှေရစ်​နောင်​ဆီသို့
လှမ်း​ပေးလိုက်​သည်​။

​ရွှေရစ်​နောင်​ကမ်း​ပေးလာ​သော စာရွက်​လေးကို ယူကာ
လက်​မှတ်​ထိုးလိုက်​သည်​။စိတ်​ထဲတွင်​တော့ မ​ကျေနပ်​မိ။

"သား​လေးက ချစ်​စရာ​လေးကွယ်​
​ဆောင်းနဲ့တူလို့ ဖြစ်​မယ်​"

"ဟုတ်​တယ်​မမခ​သားကို​ဆောင်းနဲ့တူတယ်​လို့
အ​ပြောများကြတယ်​"

တကယ်​လည်း​ရွှေရစ်​နောင်​ဟာ​ဒေါ်​ဆောင်းရစ်​ငွေ့နှင့်​
ပိုတူသည်​။​သေးသွယ်​သော မျက်​နာထား၊ဖူးငုံ​နေ​သော
နှုတ်​ခမ်း၊ကျယ်​ဝန်း​သော မျက်​ဝန်းများဖြင့်​
ရွှေရစ်​နောင်​ဟာ ဆံပင်​ရှည်​များသာရှိလျှင်​ချစ်​စရာ​ကောင်းလှ​သော မိန်းမငယ်​လေးတစ်​ယောက်​နှယ်​

အနည်းငယ်​ကောက်​ထားဟန်​ရှိ​သော ဆံပင်​အုပ်​အုပ်​လေးကို​ရွှေ​ရောင်​ဆိုးထားသည်​မှာ​ရွှေရစ်​နောင်​၏မျက်​နာ​လေးကို ပိုမိုဝင်းပ​နေ​စေသည်​။

"ဟား ဟား သာလွန်​ခက​တော့ 'ခ​' နဲ့ မတူပါလား"

"ငါနဲ့တူတာ​လေ ဇွဲ​နောင်​ရာ"

"ငါ​တော့ မထင်​ပါဘူးကွာ
သာလွန်​ခက​ချောတယ်​ကွ ဟား ဟား"

ဦးမြတ်​သာလွန်​မိမိကို စ​နေ​သည်​မို့ ခပ်​ဟဟရီလိုက်​ကာ

love me little,love me long(Complete)Where stories live. Discover now