Part(18)(U+Z)

3.4K 178 10
                                    

Unicode

"မနက်​စာပြင်​ပေး"

နံနက်​၅နာရီထိုး၍ အာရုဏ်​ဦးအလင်းတက်​စ အချိန်​ဖြစ်​
သည်​။

မ​နေ့ညက ဖြစ်​ခဲ့သည့်​ကိစ္စ​ကြောင့်​သာလွန်​အိပ်​ယာမှ
​စော​စောထကာ အခန်းထဲတွင်​ကျကွဲလျက်​ရှိ​နေသည့်​
ကွန်​ပျူတာ အစအနများကို​ကောက်​နေချိန်​အခန်းဝဆီ
မှ ထွက်​ပေါ်လာသည့်​ရွှေရစ်​အသံ​ကြောင့်​မော့ကြည့်​
မိသည်​။

ကြည်​လင်​သော မျက်​နာထားနှင့်​တောင်းဆိုလာသည့်​
​ရွှေရစ်​မှာ မ​နေ့က မိမိတို့နှစ်​ဦး ရန်​ဖြစ်​ခဲ့သည်​ဆိုသည်​ကို
သတိရပုံပင်​မရ။ဒါမှမဟုတ်​ဒါဟာ မိမိကို​ချော့သည့်​နည်း
တစ်​မျိုးလားမသိ။

"ပြင်​ပေးလို့"

"နာရီဝက်​လောက်​တော့​စောင့်​ရမယ်​
ကိုယ်​ထမင်းမတည်​ရ​သေးဘူး"

"ကြက်​ဥပြုတ်​ပေး
အသင့်​သောက်​လက်​ဖက်​ရည်​ထုပ်​ကော​နော်​"

ဒီ​ကောင်​လေးဟာ သာလွန်​ခကို ရန်​စရန်​ဆင်းလာသည်​လား။သာလွန်​မျက်​နှာကိုအကဲခတ်​ကြည့်​မိ​တော့
အမှန်​ပင်​ဗိုက်​ဆာ​နေသည့်​ပုံမို့ သာလွန်​ထကာ ကြက်​ဥ
ပြုတ်​ပေးရန်​ပြင်​ရ​တော့သည်​။

ကြက်​ဥပြုတ်​ရသည်​နှင့်​အခွံနွှာကာ လက်​ဖက်​ရည်​ထုပ်​
တစ်​ထုပ်​ကို​ဖောက်​ဖျော်​လိုက်​၍ စားပွဲနားရှိ ထိုင်​ခုံတွင်​
ထိုင်​စောင့်​နေသည့်​ရွှေရစ်​ရှေ့သို့ အ​ရောက်​ပို့​ပေးလိုက်​
သည်​။

"ဘာလို့ နွှာလာတာလဲ"

​ရွှေရစ်​စကားမရှိ စကားရှာရန်​ပြောလိုက်​ခြင်းပင်​။

"ပြီးရင်​လဲ နွှာခိုင်းမှာပဲမဟုတ်​လား"

အ​တော်​ရစ်​နိုင်​တဲ့​ရွှေရစ်​။
သာလွန်​စိတ်​မရှည်​စွာ​ဖြေလိုက်​တော့ ဘာမှပြန်​မ​ပြောဘဲ
ကြက်ဥတစ်​လုံး​ကောက်​ယူ​သော​ရွှေရစ်​။

"​ရော့"

မိမိကို ကမ်း​ပေးလာ​သော ကြက်​ဥအကာကို
ကြည့်​ကာ သာလွန်​မေးခွန်းထုတ်​ရပြန်​သည်​။

"အကာကို ဘာလုပ်​ပေးရမှာလဲ"

"အကာ မကြိုက်​ဘူး"

love me little,love me long(Complete)Where stories live. Discover now