*213* မိုးကြိုးစမ်းသပ်မှု

Start from the beginning
                                    

ပွဲကြည့်စင်ပေါ်ကသူတွေမှာ ထိုအသံကြောင့် အကုန်တုန်ရီသွားကြလေသည်။

"အသံကြီးက ကြောက်ဖို့ကောင်းလိုက်တာ.. မသိရင် တစ်ယောက်ယောက် မိုးကြိုးစမ်းသပ်မှု ခံယူတော့မယ့်အတိုင်းဘဲ"

"ဟုတ်ပါရဲ့.. တစ်ယောက်ယောက်ကများ မှန်ထဲမှာ မိုးကြိုးစမ်းသပ်မှု ခံယူမလို့လား"

"အကယ်၍ အဲ့လိုသာဆိုရင် မိုးကြိုးက အထဲကိုဝင်လာနိုင်လို့လား"

အကုန်လုံး အချင်းချင်း ပြန်ကြည့်လိုက်ကြပြီး ထိုမေးခွန်းကို မဖြေနိုင်ကြတော့။

ယင်ကျင်းရဲ့ အရှိန်လျော့ချကာ ရုန်ယိဘေးနားကို ပြန်လာလိုက်သည်။
"လေဟာနယ်သန့်စင်မှုအဆင့်အတွက် မိုးကြိုးစမ်းသပ်ချက်က အရမ်းစွမ်းအားကြီးလွန်းနေတယ်.. ဒီအဆင့်က မိုးကြိုးစမ်းသပ်ချက်နဲ့တောင် မတူဘူး"

ချီလန်က နှာခေါင်းရှုံ့ကာ
"သူကအခု မသေမျိုးပြောင်းလဲမှုအဆင့်ကကျင့်ကြံသူ ပြီးတော့ နောက်အဆင့်က လေဟာနယ်သန့်စင်မှုအဆင့်ဘဲ.. မိုးကြိုးစမ်းသပ်မှုက ဒီအဆင့်ကမဟုတ်ရင် ဘာလဲ မင်းက မဟာယာနအဆင့်က မိုးကြိုးစမ်းသပ်မှုလို့များ ထင်နေတာလား"

"......."
ယင်ကျင်းရဲ့လည်း သူအတွေးလွန်နေတာလို့ဘဲ ခံစားရသည်။

"မြင်းက ဆက်ပြိုင်မှာလား မပြိုင်တော့ဘူးလား"
လိုဂတ်စ်က သူတို့ဘက် ပြန်လှည့်ကာ မေးလာသည်။

"ဒါပေါ့ သေချာပေါက်ပြိုင်ရမှာပေါ့.. ငါက ရုန်ယိကို အနိုင်ယူဖို့စောင့်နေတာ"
ချီလန်က မြင်းကို နှင်တံနဲ့တို့ကာ လိုဂတ်စ်တို့နောက် အမှီလိုက်တော့သည်။

"ကျွန်တော့်ကိုအနိုင်ပိုင်းချင်တယ်ပေါ့လေ.. ကျွန်တော့်အောက်က ခင်ဗျားဘကြီးမြင်းကို အရင်လာမေးလိုက်ဦး"
ရုန်ယိ မိုးကြိုးတွေကိုလျစ်လျူရှုကာ မြင်းကိုခပ်ပြင်းပြင်းရိုက်လိုက်ပြီး ချီလန်နောက် အမှီလိုက်သွား၏။

ကောင်းကင်ထက်က မိုးကြိုးလျှပ်စီးတွေမှာ အသံတွေ ကျယ်သထက်ကျယ်လာကာ သူတို့ဆီလည်း နီးသထက်နီးလာတော့သည်။

ရုန်တရက် ဘုန်းခနဲ အသံနဲ့အတူ မှန်ထဲက နယ်မြေကြီးတစ်ခုလုံး လှုပ်ရမ်းသွား၏။ ခုံပေါ်ထိုင်နေတဲ့ သူတွေမှာလည်း မြေပြင်ပေါ်ပြုတ်ကျကာ မြင်းတွေမှာလည်း ကျောပေါ်က မြင်းစီးသမားကို အပြင်းအထန်ခါချတော့သည်။

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now